မတူပီမြို့နယ်တွင် CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများပြား

ဧရာဝတီတိုင်းမ်

(မတူပီ)၊ စက်တင်ဘာလ ၂၇ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF-Matupi၊ တပ်ရင်း-၂ ထိန်းချုပ်ထားသော မတူပီ-ဟားခါးလမ်း၊ ဖနိုင်-ငလိုင်ကျေးရွာကြားတွင် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်ထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာသူ များပြားကြောင်းCDF-Matupi၏ မြေပြင်သတင်းပေးပို့

ချက်များအရ သိရသည်။

CDF-Matupi၊ တပ်ရင်း-၂ ထိန်းချုပ်ထားသည့် နယ်မြေဘက်သို့ နယ်မြေရှင်းလင်းရန် လာရောက်ကြသော စစ်ကောင်စီတပ်များနှင့် CDF-Matupiတို့ စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့တို့​တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကာ အများအပြားဒဏ်ရရှိခဲ့ကြောင်း CDF-Matupiက သတင်းထုတ်ပြန်ထားသည်။

“စက်တင်ဘာလ ၂၄ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးပြုလုပ်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်။ သူတို့ အထိနာနေတဲ့အတွက် တပ်ဆုတ်ခွာသွားတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနှင့်

နယ်မြေရှင်းလင်းရေးထပ်လုပ်လာတဲ့အတွက် CDF-Matupiနဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြန်တယ်။ စစ်ကောင်စီဘက်က ၄ ဦးထပ်မံသေဆုံးပြီးတော့ အများအပြားဒဏ်ရရှိခဲ့တယ်။ CDF-Matupiဘက်က ရဲဘော်တစ်ဦးဒဏ်ရရှိခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ တိုက်ပွဲက ငြိမ်နေတယ်ပေါ့နော်။ ဒါပေမယ့် လက်နက်ကြီးတွေတော့

နေ့ဘက်ရော/ညဘက်မှာပါ ဆက်တိုက်ပစ်ခတ် နေတယ်” ဟု CDF-Matupi တပ်ရင်း-၂ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်ရင်းများမှ အင်အားအလုံးအရင်းဖြင့် မတူပီ-ဟားခါးလမ်း၊ တိုက်ပွဲဖြစ်ပွားရာ ခရိုင်ရုံးဘက်သို့ အင်အားဖြည့်တင်းမှုများနေ့စဉ်ဆောင်ရွက်နေပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင် များလည်း စစ်ကူပေးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီတပ်နှင့် နယ်မြေခံရဲတပ်ဝင်များပူးပေါင်းကာ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် မနက် ၇ နာရီအချိန်ခန့်တွင် CDF-Matupiနှင့် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း CDF-Matupiထံမှ သိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပူးပေါင်းပြီးတော့ အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ သူတို့ဘက်က သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိ သူတွေများပြားနိုင်တယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိတဲ့ သတင်းအတိအကျတော့ မသိရသေးဘူး” လို့ CDF-Matupiရဲဘော်တစ်ဦးက

ဆက်လက်ပြောဆိုသည်။

CDF-Matupi၊ တပ်ရင်း-၂ထိန်းချုပ်ထားသော နယ်မြေဘက်သို့ လက်နက်ကြီးပစ်ကူမှုဖြင့် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းထိုးစစ်ဆင်တိုက်ခိုက်မှုကို CDF-Matupi၊ တပ်ရင်းအသီးသီးပူးပေါင်း၍ စွမ်းစွမ်းတမံ တိုက်ခိုက်နေပြီး ညီနောင်CDF-Zontongဘက်ကလည်း CDF-Matupiနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ ကြောင်းသိရသည်။

ဓာတ်ပုံ – CDF Matupi

#မတူပီ #CDFMatupi #စစ်ကောင်စီ #တိုက်ပွဲ #ထိခိုက်သေဆုံး #များပြား

#Ayeyarwaddy_Times