
ရုရှားက ယူကရိန်းစစ်ပွဲမှာ နျူလက်နက်တွေ အသုံးပြုမယ်ဆိုရင် ကြီးမားသော အကျိုးဆက်တွေရှိလာမယ်လို့ အမေရိကန် သတိပေး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
ယူကရိန်းကို နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ကြီးမားလှသော အကျိုးဆက်တွေရှိ လာမယ်လို့ အမေရိကန်နိုင်ငံက ရုရှားကို သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ရုရှားနိုင်ငံမှာ တပ်သားသစ်စုဆောင်းတဲ့ အစီအစဉ်ကို ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း သမ္မတ ဗလာဒီမာပူတင်က ကြေညာရာမှာ နျူကလီးယားခြိမ်းခြောက်မှု ပြုလုပ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံက အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
“ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေ ထုတ်သုံးလာမယ်ဆိုရင် ရုရှားနိုင်ငံအတွက် ကြီးမားလှတဲ့ အကျိုးဆက်တွေ ရှိလာမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က ပြောကြားပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းအရေး ဆွေးနွေးဖို့ ရုရှားနိုင်ငံနဲ့ မကြာခဏဆိုသလို တိုက်ရိုက် ဆက်သွယ်မှု ရှိတယ်လို့ သူက ဆိုပါတယ်။ ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေ အသုံးပြုရင် အမေရိကန်နိုင်ငံက ဘယ်လို မျိုး လက်တုံ့ပြန်မယ်ဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောကြားခဲ့ပါဘူး။
“ယူကရိန်းနိုင်ငံက လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ထောက်လှမ်းရေးသတင်းတွေနဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်” လို့ ဆူလေဗန်က ဆိုပါတယ်။
သမ္မတပူတင်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ သမ္မတဘိုင်ဒင် က အပြင်းအထန် ဝေဖန်ခဲ့ပြီး နျူကလီးယားစစ်ပွဲနဲ့ အနိုင်မရနိုင်သလို ဘယ်တော့မှ မတိုက်ခိုက်ရဘူးလို့ ပြောပါ တယ်။
“ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေကို အသုံးပြုဖို့ တာဝန်မဲ့တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါ တယ်” လို့ သမ္မတဘိုင်ဒင်က သူရဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။
ကိုးကား – The Week
Ref; US warns Russia of ‘catastrophic consequences’ if it uses nuclear weapons in Ukraine