လားရှိုးမြို့အခြေစိုက် ရှမ်းပြည်နယ်မြောက်ပိုင်း PDF က အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေငြာ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၆ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ရှမ်းပြည်နယ်မြောက်ပိုင်း Northern Shan State People Defense Force (NSSPDF)တပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

NSSPDF တပ်ဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အတိုင်း လိုက်နာ၍ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ခိုက်သွားမည်ဟု ရေးသားဖော်ပြထားသည်။

“ရှမ်းပြည်မြောက်ပိုင်းက PDF တပ်ဖွဲ့တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ ဒီလိုအားကောင်းတဲ့အတွက် တကယ်သာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင် ရှမ်း(မြောက်) က PDF တွေတိုက်ခိုက်မှုက စစ်ကောင်စီကို ကောင်းကောင်းဒုက္ခပေးနိုင်မှာ အသေအချာပဲ”ဟု ရှမ်းပြည် (မြောက်ပိုင်း) ရှိ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

NSSPDF ကို နယ်ပယ်‌နေရာဒေသအစုံမှ ညီအစ်ကိုမောင်နှမများဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု(MNADD)နှင့်မဟာမိတ်ပြုလုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

#NSSPDF #အာဏာသိမ်းစစ်တပ် #လားရှိူးမြို့ #အခြေစိုက် #တိုက်ခိုက် z#ကြေငြာ

#Ayeyarwaddy_Times