ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

အာဏာသိမ်းစစ်အုပ်စုက အာဏာချုပ်ကိုင်ဖို့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျင့်သုံးနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေးမှူး သောမတ်အန်ဒရူးစ်က သတိပေးနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာကို ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ ကျူးလွန်သမျှပြစ်မှုတွေ အတွက် တာဝန်ခံရေး ဆောင်ရွက်ကြဖို့ အန်ဒရူးစ်က ပြင်ပကမ္ဘာကို တောင်းဆိုနေပါတယ်။

လိုအပ်တဲ့အရေးယူမှု မပြုလုပ်နိုင်ရင် မြန်မာပြည်သူတွေအတွက် အစားထိုးမရတဲ့အန္တရာယ် ရှိလာနိုင်ပြီး ပြည်သူများစွာအတွက် သေဒဏ်ပြစ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့သုံးလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ သူ နောက်ဆုံးအကြိမ် အစီရင်ခံစာ တင်ပြပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ပိုဆိုးလာခဲ့တယ်လို့ အန်ဒရူးစ်က ဆိုပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးအတိုက်အခံတွေအပေါ် သွေးစွန်းတဲ့ အကြမ်းဖက်မှုကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၂၀၀၀ ကျော်ကို သတ်ဖြတ်ကာ ပြည်သူ ၁၁၀၀၀ ကျော်ကို အဓမ္မ ဖမ်းဆီးကာ ထောင် ချခဲ့တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ရွာတွေကို အဆင်အခြင်မဲ့ ဗုံးကြဲခဲ့တာကြောင့် က လေးငယ်တွေပါမကျန် ပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ ၄င်းက ဆက်ပြောပါတယ်။

“လက်နက်မဲ့အရပ်သားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ သတင်းတွေ ကျွန်တော် ပုံမှန် ရရှိပါ တယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ မသန်စွမ်းတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် အရပ်သားတွေအပေါ် ထပ်တလဲလဲ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါ တယ်” လို့ အန်ဒရူးစ်က ဆိုပါတယ်။

မြန်မာ့အကျပ်အတည်းမှာ ကလေးငယ်တွေက ဓားစာခံတွေဖြစ်လာခဲ့ပြီး ကလေးငယ် ၂၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရကာ ရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီး ၁၄၀၀ ကျော် ထိန်းသိမ်းခံခဲ့ရတယ်လို့ သူက ထောက်ပြပါတယ်။
အခြားတိုင်းပြည်တွေက အခြေအနေကို မသိကျိုးကျွန်ပြုမယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေ ပိုမိုဆိုးရွား လာနိုင်တယ်လို့ အန်ဒရူးစ်က သတိပေးလိုက်ပြီး နိုင်ငံတကာက အရေးယူမှုပြုလုပ်ဖို့ ပန်ကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခု ပြန်လည်စဉ်းစားရမှာ ဖြစ်တယ်လို့ အန်ဒရူးစ်က ပြောကြားခဲ့ပြီး အာဆီယံနိုင်ငံတွေက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးနဲ့ သံတမန်ရေး ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂအဖွဲ့က လက်ရှိအစိုးရရဲ့ တရားဝင်မှုကို အသိအမှတ်မပြုလို့ ဒီသတင်းနဲ့ပတ်သက်ပြီး အာဏာ သိမ်းစစ်ကောင်စီရဲ့ တုံ့ပြန်မှုကို မရရှိခဲ့ပါဘူး။

ကိုးကား – VOA
Ref; UN Investigator Warns of Increased Violence in Myanmar