
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
စစ်ကောင်စီက တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ သေ့ဘော့ဘိုး ကျေးရွာကို ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းမှာ လေယာဉ်တွေနဲ့ လာရောက်ဗုံးကျဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေအကျဆုံးများလာပြီးနောက်ပိုင်း လေယာဉ်နဲ့ ည ၇ နာရီခွဲလောက်မှာ လာရောက် ဗုံးကျဲခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့သလို ကျောင်းသားတွေအပါဝင် ပြည်သူ ၆ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ခုလိုမျိုး စစ်ကောင်စီတပ်ဘက်က အကျဆုံးများလို့ မဆိုင်တဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လာရောက်ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးမှုနဲ့ ပြည်သူ ၆ ဦးဒဏ်ရာရရှိမှုအတွက် သက်ဆိုင်သူအားလုံး တာဝန်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်အကျဆုံးများလို့ ခုလိုမျိုး စစ်ဖက်ဆိုင်ရာနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအပေါ် ခုလိုမျိုး လေယာဉ်နဲ့ လာရောက်ဗုံးကျဲမှုအပေါ် ပြင်းထန်စွာရှုံ့ချတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
ဓါတ်ပုံ – Cobra Column