
လောင်းလုံမြို့နယ် ပန္ဒလဲရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ စက်တင်ဘာလ ၂၅ ရက်
တနသာ်ရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲရွာရှိ ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး ယနေ့ မနက်ပိုင်းတွင်လယ်ကွင်းထဲ၌ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ်ရှိ ပျူစောထီးအဖွဲ့ဝင် ကိုရဲထွေး(ခ) ရေခဲလုံး ဆိုသူဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၆ နာရီခန့်က လယ်ကွင်းထဲသို့သွားစဥ် အမည်မသိ လူတစ်စုကသေနတ်ဖြစ်လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“သေနတ်သံက အချက်ရေ တော်တော်များများ
ကြားရပါတယ်။ထို့နောက် သေနတ်သံကြားရာသို့ ဒေသခံများသွားကြည့်ရာ ပျူစောထီးအဖွဲ့ဝင် ဆိုသူ ကိုရဲထွေး(ခ) ရေခဲလုံးမှာခန္ဓာကိုယ်အနှံ့မှာသေနတ်ဒဏ်ရာများနှင့်တွေ့ရပြီးမှောက်လျက် အနေထားနဲ့ ပွဲချင်းပြီးသေဆုံးနေတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
သေဆုံးသူ ကိုရဲထွေး(ခ)ရေခဲလုံးမှာ ပျူစောထီးခေါင်းဆောင် ကိုဇော်၏ တပည့်ရင်းဖြစ်ပြီးစစ်ကောင်စီတပ်များရွာအတွင်းကို ဝင်လာလျှင် ရှေ့ဆုံးက လမ်းပြအဖြစ်လိုက်ပါနေသူတစ်ဦးဖြစ်ကာ တော်လှန်ရေးလှုပ်ရှားနေသူများနှင့် CDM ဝန်ထမ်းများ တို့၏နေအိမ်များကို လမ်းပြပေးသူတစ်ဦးဖြစ်ကြောင်း ဒေသခံရွာသားများကဆိုသည်။
၎င်း ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့များက စစ်ကောင်စီသတင်းပေးအဖြစ် ဆက်မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားသူတစ်ဦးဖြစ်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ ၎င်းသေဆုံးမှုနဲ့ပတ်သတ်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါ။
ပုံ / သေဆုံးသူ-ပျူစောထီးအဖွဲ့ဝင်ကိုရဲထွေး (ခ) ရေခဲလုံး
#လောင်းလုံမြို့ #ပန္ဒလဲရွာ #ပျူစောထီးအဖွဲ့ဝင်တစ်ဦး #သေဆုံး
#Ayeyarwaddy_Times