အကြမ်းဖက်မှုပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဖျာပုံမြို့နယ်က ထွေအုပ်စာရေးမတစ်ဦးထောင်ဒဏ် ၃နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့တရားရုံးက စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ မသဇင်အေးကို စက်တင်ဘာလ ၂၃ ရက်နေ့က မြို့နယ်တရားရုံးမှ အကြမ်းဖက်မှုပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စာရေးဝန်ထမ်း မသဇင်အေးဟာ ပြီးခဲ့တဲ့ မေလအတွင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂(ည)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။

” အဓိလက်ကိုင်ဖုန်းထဲက တွေ့တဲ့အချက်အလက်တွေ နဲ့ စွဲချက်တင် ပြီးအမိန့်ချတာ။ သူကတော်လှန်ရေးမှာမပါပေမယ့် ဖုန်းထဲမှာသိမ်းထားတဲ့ တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ပုံတွေကို စစ်တပ်က သက်သေ လုပ်ပြီးတင်ပြတာကြောင့် ခုလိုအမိန့်ချခံရတာ”လို့ တရားရုံးအသိုင်းအဝိုင်း နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မသဇင်အေး မှာ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အငယ်တန်း စာရေးဝန်ရာထူးရှိသူတစ်ဦးသာဖြစ်ပြီး အကြမ်းဖက်ပုဒ်မနဲ့ဖျာပုံမြို့မှာ ပထမဆုံး ထောင် ၃ နှစ် ကျခံရတဲ့ ထွေ/အုပ်စာရေးဝန်ထမ်း ဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#အကြမ်းဖက် #ဖျာပုံ #ထွေအုပ် #စစ်ကောင်စီ

#Ayeyarwaddy_Times