
မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ဖို့ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားစစ်တပ် ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောတစ်စင်းမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ဖို့ ပြင်ဆင် နေတဲ့ လက္ခဏာတွေကို တောင်ကိုရီးယားစစ်တပ်က ဖော်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကာမယ် လာဟားရစ်ရဲ့ ခရီးစဉ်မတိုင်မီ ယွန်ဟပ်သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ၊ တောင်ဟမ်ဂျောင်ပြည်နယ်ပ ဆင်ပိုမြို့မှာ ဒီသီတင်းပတ်အတွင်း ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို တောင်ကိုရီးယားစစ်တပ်က ထောက်လှမ်းခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီး ယား စစ်ဘက်သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အဆိုပါသတင်းဌာနက ဖော်ပြပါတယ်။
တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မယ့်အစီအစဉ် အပါအဝင် မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေကို တောင် ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုက သတိမူမိတယ်လို့ သမ္မတရုံးက ယနေ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ်က လာမည့်သီတင်းပတ်မှာ အရှေ့အာရှဒေသကို လာ ရောက်လည်ပတ်မှာဖြစ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ကာမယ်လာဟားရစ်ရဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု သို့မဟုတ် ရန်စမှု တွေ ပြုလုပ်နိုင်ပေမယ့် ကြေညာမှုတွေ ပြုလုပ်မှာမဟုတ်ဖူးလို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက သတင်း စာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်း ပြီးခဲ့တဲ့ သောကြာ နေ့က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့ပြီး တောင်ကိုရီးယားစစ်တပ်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အင်အားဖြန့်ကြက်မှုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက စစ်ပွဲဆင်နွှဲဖို့ အစမ်းလေ့ ကျင့်နေတာဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရန်လိုသောမူဝါဒဆိုတဲ့ အထောက်အထားဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့ပါတယ်။
ကိုးကား – CNA
Ref; North Korea may be preparing to test submarine-launched ballistic missile, South Korea military says: Report