
ရန်ကုန်တွင် “ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ” စာတန်း ကိုင်ဆောင်ကာ သပိတ်အင်အားစုများမှ ချီတက်ဆန္ဒပြ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင် “ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ” ဟူသောဘန်နာဖြင့် (ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ)-YRSC၊Burma Youth Revolutionary Force(BYRF)၊ပုဇွန်တောင်၊ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ-PBYSC ၊တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊
လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ)စသည့် ပျောက်ကြားသပိတ်အင်အားစုများမှပူးပေါင်းကာ ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်တပ်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါသည်။
ဒါ့ပြင် စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာများကိုမီးရှို့ခြင်း၊ ရွာသားများကိုရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခြင်းများအပြင် လွန်ခဲ့သည့်ရက်အတွင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် စာသင်ကြားနေသော ကလေးငယ်များအား စစ်တပ်မှ လေကြောင်းဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့်
ပြည်သူများအနေဖြင့် စစ်တပ်ဆန့်ကျင်ရေးများတွင် ပါဝင်ရန်လိုအပ်သည်ဟုကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
#Ayeyarwaddy_Times