ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

လက်တွေ့မှာပြည်သူတွေကဘယ်သူမှ စစ်တပ်ကို မကြောက်ရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ နေ့လည်ပိုင်းက နေပြည် တော်မှာပြုလုပ်တဲ့ ၄င်းတို့စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ရော၊ ၄င်းတို့စစ်ကောင်စီဘက်ကိုရော ဘယ်ဘက်မှမပါတဲ့ ပြည်သူတွေက

စစ်တပ်ကိုမကြောက်ရတဲ့အပြင် PDF တွေကိုကြောက်နေရတယ်လို့ စစ်ကောင်စီပြောခွင့်ရက ထပ်မံစွပ်စွဲပြောဆိုပါတယ်။

” ခုချိန်မှာလက်တွေ့မေးကြည့်။ အပြင်မှာလက်တွေ့မေးကြည့်ပါဆိုတာက လက်တွေ့လုပ်နေရတဲ့ ဘယ်ဘက်မှမပါတဲ့သူတွေ၊ ဘယ်ဘက်မှမပါတဲ့စီးပွားရေးသမားတွေနဲ့ နောက်ဆုံးကုန်ကုန်ပြောရရင် ဘယ်ဘက်မှမပါတဲ့ မီဒီယာသမားတွေမေးကြည့်ပါ။ စစ် တပ်ကိုကြောက်ရလား မေးကြည့်ပါ။ တည့်တည့်ဘဲ မေးကြည့်ပါ။ ဘယ်သူမှစစ်တပ်ကိုမကြောက်ရဘူး။ PDF ကိုဘဲကြောက်နေရတာ”လို့ သူကပြောပါတယ်။

စစ်ကောင်စီဘက်က အဲ့ဒီလိုပြောဆိုပေမယ့် မြေပြင်က ၄င်းတို့လက်အောက်ခံ လက်နက်ကိုင် စစ်ကောင်စီတပ် သားတွေအနေနဲ့ ပြည်သူလူထုကို အကြောက်တရားဝင်အောင်လုပ်နေလို့ သူတို့ရောက်လေရာက ပြည်သူလူထုကကြောက်နေရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

” ကျနော်တို့က ဒီကောင်တွေကို ရွံကြောက်ပေါ့နော်၊ လက် နက်ရှိတာကိုး။ ရပ်ကွက်တွေထဲဘလောက်မိုက်ရိုင်းနေလည်းဆိုတာ အကုန်မြင်နေရတာဘဲ။ ဘာမှမဆိုင်လည်းဖမ်းတယ်၊ငွေညှစ်တယ်။ဒီ ကောင်တွေအဆင့်က ​အေး ဓားပြ ခိုးဆိုးနှိုက်သာ သာရှိတာ။ မနေ့ညကဘဲ သူ့ဘာ သာ အေးအေးချမ်းချမ်း စျေးရောင်းစားနေတဲ့ လှည်းတန်းစျေးဆိုင်တွေကို ဖျက်ဆီးမီးရှို့ပြီး အကြောက်တရားဖြစ်အောင်လုပ်တယ်။ အဲ့ဒီလို ဥပဒေမဲ့တွေ လက်နက်နဲ့လုပ်ချင်ရာလုပ်နေလို့ သူတို့ဝင်လာတဲ့ ရပ်ကွက်၊လမ်းတွေက ရှိသမျှလူအကုန်ကြောက်လန့်နေရတယ်” လို့ ရန်ကုန်မြို့ခံတဦးက ပြောဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ၄င်းတို့ကို ဆန့်ကျင် သည်ဟု ယူဆသူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ မသက်ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်း လူနေအိမ်များကိုမီရှို့ဖျက်ဆီးခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရေးမြို့ပြပြောက် ကျားသပိတ်စစ်ကြောင်းများ ဆန္ဒပြခဲ့သည့်နေရာများကို မီးရှို့ဖျက်ဆီးခြင်းတွေ လုပ်ဆောင်ပြီး ပြည်သူလူထုအကြောက်တရားဝင်အောင်ပြုလုပ်နေသည်ကိုတွေ့ရသည်။