မတူပီမှာ နယ်မြေရှင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၄ ရက်

ချင်းပြည်နယ်၊ မတူပီမြမြို့နယ်၊မတူပီ-ဟားခါးလမ်းတွင် စက်တင်ဘာလ ၂၄ ရက် ယနေ့မနက် ၇ နာရီဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

မတူပီအခြေစိုက် ခလရ ၁၄၀ တပ်ရင်းမှ စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင် စီဖွဲ့ဝင် ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး CDF မတူပီဘက်မှအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သဖြင့် ဒေသခံများ မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် အသိ ပေးထုတ်ပြန်ထားကြောင်းသိရသည်။

#AyeyarwaddyTimes