
ရုရှားကို အနိုင်ရချိန်အထိ ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် ကတိပြု
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ရုရှားနိုင်ငံ ရှုံးနိမ့်ချိန်အထိ ဗြိတိန်အစိုးရက ယူကရိန်းသို့ စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် လစ်ဇ်ထရပ်စ်က စက်တင်ဘာလ ၂၁ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကတိပြု လိုက်ပါတယ်။
“ယူကရိန်းပြည်သူတွေက သူတို့နိုင်ငံကိုသာ ကာကွယ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးရဲ့ ကျွန်မတို့ရဲ့တန် ဖိုးနဲ့ လုံခြုံရေးကိုပါ စောင့်ရှောက်နေတာဖြစ်ပါတယ်” လို့ နိုင်ငံတကာဖိုရမ်တစ်ခုမှာ သူမရဲ့ပထမဆုံးမိန့်ခွန်းအ တွင်း လစ်ဇ်ထရပ်စ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဒီလိုအခြေအနေတွေကြောင့် ရုရှားကို အနိုင်ရချိန်အထိ ကျွန်မတို့ ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ ကျွန်မ ကတိပြုပါတယ်။ ဒုံးကျည်တွေအပါအဝင် ဗြိတိန်နိုင်ငံရဲ့ စစ်လက်နက်တွေ ယူကရိန်းကို ရောက်ရှိလာပါပြီ” လို့ ၄င်းက ဆိုပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အရံအင်အားဆင့်ခေါ်မှုနဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ခြိမ်း ခြောက်မှုတွေနဲ့ပတ်သက်လို့ “ပူတင်က သူ့ရဲ့ကျဆုံးမှုတွေအတွက် သိက္ခာဆယ်ဖို့ လုပ်ပြနေတာ” လို့ လစ်ဇ်ထ ရပ်စ်က ပြောပါတယ်။
အဲလိဇဘတ်ဘုရင်မကြီး ကွယ်လွန်ပြီး ချားစ်မင်းသား နန်းတက်ပြီးနောက် ဗြိတိန်နိုင်ငံသစ်ကို ခေတ် သစ်တစ်ခုရောက်ရှိဖို့ သူ ဦးဆောင်မယ်လို့ ၄င်းက ပြောပါတယ်။
“တစ်ဦးချင်းလွတ်လပ်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှမှုတန်ဖိုးတွေကို ကာကွယ်မှာဖြစ် ပြီး ပြည်သူတွေအားလုံးအတွက် လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရရှိအောင် လုပ်ဆောင်မယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Laprensa Latina
Ref; UK will arm Ukraine until it defeats Russia, Truss says