
မုံရွာတွင် စစ်ကောင်စီတပ် အင်အား ၄၀ ပါမော်တော်ရေယာဉ်အား PDF မှ တစ်ဖက်ပွင့်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
(မုံရွာ)၊ စက်တင်ဘာလ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စက်တင်ဘာ၂၁ ရက်နေ့၌ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီ မော်တော်ရေယာဉ်အား Monywa Peregrine PDFနှင့်ပူးပေါင်းတပ်ဖွဲ့များမှ တစ်ဖက်ပွင့်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မိုင်းဖြင့်တိုက်ခိုက်မှုကြောင့် အင်အား ၄၀ ဝန်းကျင်ပါဝင်သော စစ်ကောင်စီမော်တော်ရေယာဉ်မှာ ထိခိုက်ပျက်စီးမှုကြီးမားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟုသိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။
“မော်တော်ယာဉ်က ကျွန်တော်တို့ပစ်လိုက်ဝော့ာ တစ်ဖက်စောင်းသွားတယ်။ သူတို့ဘက်က သေနတ်တွေ လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်။ ကျွန်တော်တို့ဘက်ကထိခိုက်တာတော့မရှိဘူး။ ဟိုတလောကလည်း ပျူရွာတွေမှာ စစ်ကောင်စီဘက်ကိုလက်နက်ကြီးနဲ့ပစ်တာ ၄ ယောက်သေတယ်လို့တော့မြေပြင်သတင်းအရပြန်ကြားရတယ်” ဟု Monywa Peregrine PDFမှ
တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီဘက်မှပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသော Monywa Peregrine PDF မှ ရဲဘော်သက်စိုးခိုင်အတွက်ရည်ရွယ်ပြီး တရားမျှတမှုပြန်ယူပေးသည့်အနေဖြင့် စစ်ကောင်စီမော်တော်ယာဉ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စက်တင်ဘာလ ၁၅ရက် နှင့် ၁၆ ရက်နေ့တွင်လည်း Monywa Peregrine PDFနှင့်ပူးပေါင်းတပ်ဖွဲ့များက ပျူစောထီးများစခန်းချရာသို့ လက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း အဆိုပါအဖွဲ့၏ စာရင်းများအရ သိရသည်။
ရုပ်သံ – Monywa Peregrine PDF
#မုံရွာ #စစ်ကောင်စီ #မော်တော်ရေယာဥ် #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times