
အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ပျက်ကွက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကို မြန်မာပြည်သူတွေ စိတ်ပျက်နေပြီလို့ ကုလလူ့အခွင့်အရေးကျွမ်းကျင်သူ ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေးကို စုပေါင်းပြီး မဖြေရှင်းဘူးဆိုရင် မြန်မာပြည်သူတွေ ဒုက္ခ ပိုရောက်မယ်လို့ ဂျီနီဗာမြို့တော်မှာပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ တွမ်အန်ဒရူးက ပြောပါတယ်။
မြန်မာပြည်သူ ၁ ဒသမ ၃ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး နေအိမ်နဲ့ကျေးရွာ ၂၈၀၀၀ မီးရှို့ခံရကာ က လေးငယ် ၁၃၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ တွမ်အန်ဒရူးက ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့တုံ့ပြန်မှုကို မြန်မာပြည်သူတွေက အလွန်အ မင်း စိတ်ပျက်နေကြပါပြီ။ တရားမဝင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီကို ငွေကြေး၊ ကုန်သွယ်မှုနဲ့ လက်နက် တွေ ထောက်ပံ့နေတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာပြည်သူတွေက အမျက်ဒေါသထွက်နေပါပြီ” လို့ သူ က ဆိုပါတယ်။
စကားလုံးနဲ့ ထောက်ခံအားပေးပေမယ့် လက်တွေ့အရေးယူဖို့ ပျက်ကွက်နေတဲ့ ဒီနိုင်ငံတွေကို မြန်မာ ပြည်သူတွေက တစ်ကယ်ကို စိတ်ပျက်နေကြပါပြီ” လို့ ၄င်းက ပြောပါတယ်။
မြန်မာစစ်တပ်က လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အပါအဝင် စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်နေတယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအတွက် ဝင်ငွေ၊ စစ်လက်နက်နဲ့ တရားဝင်မှုမရရှိအောင် ဖိအားပေး လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
“ကမ္ဘာကြီးက သူတို့ကို မေ့ထားပြီး ဂရုမစိုက်ဖူးလို့ မြန်မာပြည်သူအများစုက ထင်နေကြပါတယ်။ ပြည်သူ သန်းပေါင်းများစွာရဲ့ အသက်ကိုကယ်တင်နိုင်မယ့် လက်တွေ့ကျသော အစီအမံတွေကို လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ဘာကြောင့်ငြင်းဆန်ကြသလဲလို့ မြန်မာပြည်သူတွေက ကျွန်တော့်ကို မေးမြန်းပါတယ်။ ပွင့် ပွင့်လင်းလင်းပြောရရင်
သူတို့ရဲ့မေးခွန်းကိုဖြေကြားဖို့ ကျွန်တော့်မှာ အဖြေမရှိပါဘူး” လို့ ၄င်းက ဆိုပါတယ်။
အလုပ်မဖြစ်တဲ့ မူဝါဒတွေကို ပြန်သုံးသပ်ဖို့နဲ့ ကိုယ့်အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူ တွေနဲ့အတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ရပ်တည်ကြဖို့ ၄င်းက တောင်းဆိုလိုက်ပါတယ်။
ကိုးကား – news.un.org.
Ref; Myanmar spiralling ‘from bad to worse, to horrific’, Human Rights Council hears