စစ်ကောင်စီတပ်မှ ကျင်းပပြုလုပ်မည့် ဈေးရောင်းပွဲတော်ကို ဆန့်ကျင်သည့်အနေဖြင့် CDF-Mindat က စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် စျေးရောင်းပွဲတော်ကို ဆန့်ကျင်သည့်အနေဖြင့် မင်းတပ်မြို့ စစ်ကောင်စီဂိတ်ကို ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီမှာ CDF-Mindat ၏ ဝံပလွေ စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်းသတင်ထုတ်ပြန်သည်။

CDF-Mindat ၏ဝံပုလွေ စစ်ကြောင်းမှ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း CDF-Mindat ၏ ဗျူဟာမှူး တစ်ဦးထံမှ သိရှိရသည် ဟုထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ဒါ့ပြင် မင်းတပ်မြို့ပေါ်ရှိ အများပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး စျေးရောင်းပွဲတော်ကို ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ကြရန်နှင့် မိမိတို့နေအိမ်အတွင်းမှာသာ လုံလုံခြုံစွာ နေထိုင်ကြဖို့ CDF-Mindat မှ တိုက်တွန်းထားကြောင်း သတင်းထုတ်ပြန်ထားသည်။

#Ayeyarwaddy_Times