ပုသိမ်မြို့အ.မ.က(၂၄)ကျောင်းက ဆရာမတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ပြီးနောက် ကျောင်းသားမိဘများက လာခေါ်ပေမယ့် ကျောင်းမဆင်းပေးပဲ စာဆက်သင်နေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ကုန်သည်လမ်းရှိ

အမက (၂၄) ကျောင်းမှာ စာသင်နေတဲ့ဆရာမတစ်ဦး မှာကိုဗစ်ပိုးတွေ့ရှိတယ်လို့သတင်းထွက်ပေါ်ပြီးမိဘတွေက ကလေးတွေကို ပြန်ခေါ် ရာမှာ ကျောင်းဘက်က ပြန်လွှတ်မပေးပဲ စာဆက်သင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီကျောင်းမှာ ၂ တန်း နဲ့ ၄ တန်း အခန်းတွေကို စာသင်ကြားတဲ့ ဆရာမတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပေမယ့် ပိုးသတ်ဆေးဖြန်းကာ ဆက်လက်သင်ကြားနေတာကြောင့် ကျောင်းသားမိဘတွေက ပြန်လွှတ်ပေးဖို့ ကျောင်းရှေ့မှာ သွားခေါ်ခဲ့ပေမယ့် ​ပြန်မလွှတ်ပေးလို့ ပြန်လာခဲ့ရတယ်လို့ ကျောင်းသားမိဘအချို့က ဆိုပါတယ်။

“ဟုတ်ပါတယ်။ ကလေးတွေထုတ်မပေးပါ။

အိမ်ကကလေးက အကျပ်ရောဂါရှိတော့ ရင်ပူနေရပြီလေ။ ပိုးသတ်ဆေးဖြန်းပြီးပြီးချင်း ကလေးတွေကို အခန်းထဲထည့်တယ်ဆိုတော့ အသိတရားမရှိတာလား။ မပြောတက်တော့ပါဘူး” လို့ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြို့မှာ ၂ ပတ်အတွင်း ကိုဗစ်ကူးစက်မှုတွေရှိလာပြီး ပိုင်ရှင်မဲ့အလောင်း ၃ လောင်းထိတွေ့ရှိထားတာကြောင့် ကိုဗစ်နဲ့သေဆုံးတာဖြစ်မှာ စိုးရိမ်နေချိန်မှာ ခုလို စာသင်ကျောင်းက ဆရာမ ၁ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

#ပုသိမ် #အမက၂၄ #ဆရာမ #ကိုဗစ် #ကျောင်းသားမိဘ #စာဆက်သင်

#Ayeyarwaddy_Times