ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးတာမရှိဘူးလို့ မြောက်ကိုရီးယား ငြင်းဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၂ ရက်

မြောက်ကိုရီးယားက ရုရှားသို့ မည်သည့်အခါမျှ စစ်လက်နက်တွေ ထောက်ပံ့ခဲ့ခြင်းမရှိသလို အနာဂတ် တွင်လည်း ထိုသို့ လုပ်ဆောင်သွားမှာမဟုတ်ဖူးလို့ နိုင်ငံပိုင်မီဒီယာ KCNA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“မကြာသေးမီက အမေရိကန်နဲ့ ရန်လိုသောတပ်ဖွဲ့တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကို ချိုးဖောက်တဲ့အကြောင်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနဲ့ရုရှားကြား စစ်လက်နက်သဘောတူညီချက်ဆိုတဲ့ ကောလဟာလတွေ ပျံ့နှံစေခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ရုရှားသို့ မည်သည့်အခါမျှ စစ်လက်နက်တွေ တင်ပို့ခဲ့ဖူးခြင်းမရှိပါ” လို့ KCNA

သတင်းဌာနက ဆိုပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ထုတ်လုပ်ရေးဗျူရို ဒုတိယ ညွှန်ကြားရေးမှူး ချုပ်ကို ကိုးကားပြီး KCNA က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ယူကရိန်းမှာ အသုံးပြုဖို့ မြောက်ကိုရီးယားမှ သန်းနဲ့ချီတဲ့ ဒုံးကျည်တွေ၊ အမြောက်ကျည်တွေဝယ်ယူဖို့ ရု ရှားက လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲ က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ရုရှားက မြောက်ကိုရီးယားထံမှ စစ်လက်နက်ဝယ်ယူတာနဲ့ ယူကရိန်းနိုင်ငံအတွင် အသုံးပြုတဲ့အထောက် အထား မတွေ့ရဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ကာဘီက ရှင်းလင်းခဲ့ပါတယ်။

ပါးစပ်ပိတ်ထားဖို့နဲ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ကောလဟာလတွေဖြန့်တာရပ်တန့်ဖို့ မြောက်ကိုရီးယားက အမေရိကန်ကို ထုတ်ပြန်ချက်တစ်ခုအတွင်း သတိပေးလိုက်ခဲ့ပါတယ်။

ကိုးကား – The Guardian

Ref; North Korea denies supplying weapons or ammunition to Russia