
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
ဧရာဝတီတိုင်းမှာ သင်္ကြန်ကာလစစ်ကောင်စီထောက်တိုင်နေရာတွေကို ဖောက်ခွဲသတိပေးတိုက်ခိုက်မှုတွေ နောက်ပိုင်း မစ်ရှင်တွေ မရှိသလောက်နည်းလာတာဟာ လက်နက်အင်အားစုဆောင်နေတာကြောင့် ဖြစ်တယ် လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒေသခံပြည်သူတွေရဲ့ ထောက်ပံ့မှုနည်းလာတာတွေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကြပ်မှုတွေကြောင့် ဒီကာလတွေမှာ မစ်ရှင်တွေ မဖော်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
“ တဖက်မှာလည်း ပြည်သူတွေရဲ့ ထောက်ပံ့မှုက အားနည်းလာတယ် တဖက်မှာလည်း ကျနော်တို့ အနေနဲ့ လက်နက်အင်အား လူအင်အားစုတာတွေလုပ်နေရတာလည်း ပါတယ် အဲ့တာကြောင့် သိပ်မရှိတာပါ”လို့ ပြောပါတယ်။
သင်္ကြန်အပြီးနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီထောက်တိုင်နေရာတွေကို ဖောက်ခွဲတိုက်ခိုက်တာတွေ မလုပ်ခဲ့ပေမယ့် ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက တိုင်းစည်ပင်ရုံးကို ဖောက်ခွဲဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ရှိတယ်လို့ ဆိုပါတယ်။
မအူပင်မြို့သေမင်းလက်ရာအဖွဲ့ကလည်း စစ်အာဏာရှင်နဲ့ သက်ဆိုင်တဲ့သူတွေ ထောက်တိုင်တွေကို တိုင်ခိုက် ဖို့အတွက်လည်း လူအင်အားနဲ့ လက်နက်စုဆောင်းတာတွေပြုလုပ်နေတယ်လို့ ဧရာဝတီတိုင်းမ်ကို ပြောဆိုပါတယ်။