ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေ၊ အခြားအစီအမံတွေနဲ့ အရေးယူဖို့ ရာနဲ့ချီသော အစိုးရမ ဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သြစတြေးလျအစိုးရကို တွန်းအားပေးလိုက်ပါတယ်။

အစိုးရမဟုတ်သောအဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၈၈ ခုက သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခြင်း၊ ရွေးကောက်ပွဲမတိုင်မီ ကတိအတိုင်းရပ်တည်ခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ရပ်တည်ဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်တပ်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့၊ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီအပေါ် လက်နက်တင်ပို့မှုပိတ်ပင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကို တိုက်တွန်းဖို့ အဲဒီအဖွဲ့အစည်းတွေက ပန်နီဝေါင်းကို တောင်းဆိုခဲ့ပါတယ်။

အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးများပစ်ခတ်မှု အကြိမ် ရေ ၁၀၀၀၀ ကျော်ရှိခဲ့ပြီး ပြည်သူတစ်သန်းကျော် အိုးအိမ်စွန့်ခွာရကာ နေအိမ်ထောင်နဲ့ချီ မီးရှို့ခံခဲ့ရတယ်လို့ အိတ် ဖွင့်ပေးစာက ဖော်ပြထားပါတယ်။

“အာဆီယံအဖွဲ့က အစည်းအဝေးတွေ၊ စစ်ရေးလေ့ကျင့်မှုတွေအတွက် စစ်ကောင်စီကို ထပ်တလဲလဲ ဖိတ် ခေါ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ သြစတြေးလျကို ရာဇဝတ်ကောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ဖုံးကွယ်ပေးနေပါတယ်” လို့ အဲဒီအဖွဲ့အစည်းတွေက ဇွန်လ ၂၉ ရက် နေ့စွဲတပ်ထားတဲ့ အိတ်ဖွင့်ပေးစာမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာ့ဒီမိုကရေစီအရေးအတွက် သြစတြေးလျနိုင်ငံက ဘေးကရပ်ကြည့်သူမဖြစ်ရပါဘူ။ မြန်မာ့ဒီမိုက ရေစီအရေးအတွက် ရပ်တည်ဖို့နဲ့ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ သြစတြေးလျအစိုးရကို တောင်း ဆိုပါတယ်” လို့ ပန်နီဝေါင်းက ရွေးကောက်ပွဲမတိုင်မီ ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါလိုမျိုး မဟာမိတ်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပေမယ့် သြစတြေးလျနိုင်ငံက အခုချိန်ထိ စစ်ကောင် စီကို အရေးယူမှု မပြုလုပ်ရသေးပါဘူး။

ရာထူးကနေဖြုတ်ချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစ တြေးလျပါမောက္ခ ရှောင်တာနယ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပြီး လေးရက်အကြာမှာ ဖမ်း ဆီးခံရပြီးကတည်းက အကျဉ်းထောင်တွင်း ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။
ပါမောက္ခ ရှောင်တာနယ်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ထိရှလွယ်သော ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်တွေနဲ့အတူ တိုင်းပြည်ပြင်ပသို့ ထွက်ခွာရန်ကြိုးပမ်းသည့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် စစ်ကောင်စီ က တရားစွဲဆိုထားသည်။

ကိုးကား – UCA News
Ref; Australia urged to take action against Myanmar junta