
ကသာနယ် ရေနီကျေးရွာတွင် စစ်ကောင်စီတပ်က အဖွားအိုတဦးကို ပစ်ခတ်ခဲ့ပြီး နားကပ်ကိုချွတ်ယူသွား
ကိုကိုလေး/ဧရာဝတီတ်ိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်၊ ရေနီကျေးရွာတွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က အဖွားအိုတဦးကို ပစ်သတ်ခဲ့ကာ နားကပ်ကို ဖြုတ်ယူသွားတယ် လို့ ဒေသခံတွေထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်အဖွားအိုမှာ အသက် ၈၀ ဝန်းကျင်ရှိနေပြီလို့ ဒေသခံတွေပြောပြချက်အရသိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ညနေ ၄ နာရီဝန်းကျင်တွင်
ရေနီကျေးရွာမှာ စစ်ကောင်စီတပ် နှင့် မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စတင်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာ လို့ PDF တပ်ဖွဲ့ဝင်များက ပြောသည်။
“မနေ့က သူတို့ပစ်ခတ်ပြီးသေနေတဲ့ အဖွားအိုရဲ့နာကပ်ကိုချွတ်ယူသွားကြတာ။ဘာမှလဲ မလုပ်နိုင်တဲ့ အဖွားအိုပါ ဒီဟာတွေအတော်ယုတ်မာကြတယ်။ အဲတာကလဲ သေဆုံးနေတာကို တွေ့တော့မှ သင်္ဂြိုလ်ဖို့ လုပ်ခါနည်း နားကပ်ကမတွေ့တော့တာ ချွတ်ယူနေတာကို မြင်တဲ့သူက မြင်တယ်။တမင်သက်သက်ပစ်သတ်ပီး ယူသွားကြတာပါ” လို့ ရေနီကျေးရွာမှ
ဒေသခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
၎င်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုများရှိနိုင်သော်လည်း ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး ရေနီကျေးရွာက
ဒေသခံတဦးကိုလည်း စစ်တပ်က တစာခံအဖြစ်ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေကပြောသည်။
ဒါ့ပြင် ကသာမြို့နယ်၊ မိုးတားတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် မိုးတားPDFတို့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် ရေနစ်သေဆုံးခဲ့လို့
ကျွန်းစိုက်ခင်းတခုမှာ စစ်ကောင်စီတပ်သားများက ကျင်းတူးကာ မြုပ်နှံခဲ့ပါသေးသည်။
ထိုတိုက်ပွဲကို ကသာမြို့နယ်၊ မိုးတားတိုက်နယ် ဗိုလ်သာလိကာ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကသာမြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိသေဆုံးနေသည့် စစ်ကောင်စီ တပ်သားအများစုမှာညောင်းဦးမြို့ အခြေစိုက် ခမရ ၄၁၅ စစ်ကောင်စီ တပ်သားများဖြစ်ကြောင်း သိရှိရသည်။
#Ayeyarwaddy_Times