စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၇ ကြိတ်ရှေ့တန်းစစ်စခန်းကို ကရင့်ပူးပေါင်းတပ်ဖွဲ့များက ၁၇ မိနစ်နဲ့ တိုက်ခိုက် သိမ်းပိုက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၁ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းခြေကုတ်စစ်စခန်းတခုဖြစ်သည့် ကြိတ်စခန်းကို ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင့်အမျိုးသားအစည်းအရုံး-KNU က ယနေ့တွင်ထုတ် ပြန်သည်။

အဆိုပါကြိတ်ရှေ့တန်းစစ်စခန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၂ မိနစ်မှ စတင်တိုက်ခိုက်ရာ ၂ နာရီ ၁၉ မိနစ်တွင် စခန်းတခုလုံး သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း KNU ကဆိုသည်။

KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်း တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သိမ်းဆည်းရသော လက်နက်ခဲယမ်းများမှာ RPG- 2 လက်၊ BA 100 စိန်ပြောင်း-1၊ ငါးကြင်းမြီးစက်လက်- 1၊ ပြောင်းပို-1၊ AK-1၊ MAS sinper- 1၊ MA4.MAK ပူးတွဲ-1၊ MA1-2၊ MA3-2၊ MA5-2၊ MG3-1၊ MA ကျည်ဘောက်- 17၊ 9MM-44၊ 16 ကျည်ဘောက်- 4၊ sinper ကျည်ဘောက်-3၊ 60MM-12၊ 73MM-11၊ အီနာဂါ-1၊ 40MM -10၊ BA109 လက်ပစ်ဗုံး- 2၊

73ယမ်းတောင့် -5၊ စက် လက်ကျည်-229၊ AKကျည်ဘောက်ဝိုင်း- 1၊ စကား ပြောစက်- 2၊ ဖုန်း-3၊ ကပစ 5.56- 2223၊ စိန်ပြောင်းချိန် သီး- 1၊ MA5 ကျည်များ ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီ၏ တနင်္သာရီမြို့အခြေစိုက် ခမရ ၅၅၇ တပ် ရင်းသည် ကရင်ပြည်နယ်၊တပ်မဟာ ၆ နယ်မြေအတွင်းတိုက်ခိုက်ရေးဝင်ရောက်နေသည့် ဘုတ်ပြင်းမြို့အခြေ စိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ ၁၃) လက်အောက်ခံတပ်ရင်းတခုဖြစ်ကြောင်းသိရသည်။

#AyeyarwaddyTimes