ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင် စစ်ကောင်စီတပ်ကိုတော်လှန်နေသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရွာငံပြည်သူကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဇွန်လ ၃၀ ရက်မှ စတင်ပြီး တရားဝင်ဖျက်သိမ်းလိုက်ကြောင်း YPDF ထံကသိရသည်။

“YPDF တပ်ဖွဲ့ဝင်အနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့သည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းဖြစ်တယ်” လို့ YPDF က ပြောသည်။

ထို့ပြင် YPDF အဖွဲ့သည် မိမိကိုယ်တိုင်သာမကပြည်သူများအနေဖြင့်လည်း အစစအရာရာ ကြပ်တည်းနေသည့်အတွက် ရှေ့လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ရွာငံဒေသမှ စွန့်ခွာတော့မည်ဖြစ်သည်ဟု ဇွန်လ ၉ ရက်တွင် လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။