စက်တင်ဘာလ ၂၀ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– ဦးမောင်ဝိတ်နှင့်ပတ်သက်သည့် အဂတိမှုက သက်သေနှစ်ဦးကို ပယ်ဖျက်၊ ရဟတ်ယာဉ်အမှု ဆက်လက်စစ်ဆေး

– ပုလောမြို့နယ်တွင် ၁ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံး

– ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လက်ခံမည်ဟု အေအေ ပြော

– စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေးငယ်များအတွက် ဝမ်းနည်း ကြောင်း ယူနီဆက်ဖ်ထုတ်ပြန်

– ရခိုင်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ပြည်သူ ၇၁ ဦး သေဆုံး

– ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်း ပြန်ကျ၊ ပြည်တွင်းရွှေဈေး ကျပ် ၂၈ သိန်းခွဲဝန်းကျင် ကျဆင်း

– စစ်ကောင်စီ စွပ်စွဲထားသည့်အမှုများအတွက် အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

– အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် သိန်းချဲ့ချီပြီး ရရှိထားပြီး ဖြစ်သလို ဘယ်တရားရုံးကိုမဆို ခိုင်ခိုင်မာမာ တင်သွင်းနိုင်တဲ့ သေသေချာချာ ပြင်ဆင်ထားတဲ့ အမှုပေါင်း ၇၇ မှုရှိထားတယ်လို့ လူ့အခွင့်အရေးဝန်ကြီးပြော