ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
ပြည်ပနိုင်ငံများမှ ခွင့်ပြန်လည်ရောက်ရှိလာသော ခွင့်ပြန်အလုပ်သမားများအနေဖြင့် ပြန်လည်ထွက်ခွာခွင့်လျှောက်ရာတွင် နေပြည်တော်သို့ရောက်ထားရန်မလိုဘဲ ရန်ကုန်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ( မြောက်ဒဂုံ) OWIC ရုံးသို့ နိုဝင်ဘာ ၁ ရက်မှစတင်ကာ ကိုယ်တိုင်လျှောက်ထား ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခွင့်ပြန်အလုပ်သမားများသည် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ထားသော အထောက်အထား၊ ခွင့်ပြန်ချိန်နှင့်အနီးကပ်ဆုံး သုံး လစာ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းအထောက်ထားနှင့် သက်မှတ်စာရွက်စာတမ်းများ ပါဝင်လျှောက်ထားရကြောင်း သိရသည်။

ထို့ပြင် OWIC ကတ်မရှိသေးသော ခွင့်ပြန်အလုပ်သမားများ၊ OWIC ကတ်သက်တမ်းကုန်အလုပ်သမားများနှင့် OWIC ကတ်ပါကုမ္ပဏီ အလုပ်ရှင်ပြောင်းလဲလျှော က်ထားလိုသူများလည်း OWIC ကတ်အသစ်လျှောက်ထားနိုင်မည်ဖြစ်သည်။
ယခင်က ခွင့်ပြန်အလုပ်သမားများသည် နိုင်ငံခြားသို့ပြန်လည်ထွက်ခွာခွင့် တောင်းရာတွင် သက်ဆိုင်ရာစာရွက်စာတမ်း အထောက်အထားများဖြင့် နေပြည်တော်၊ အလုပ်သမားညွှန်ကြားရေးစီးဦးဌာနသို့ စာပို့လျှောက်ထားရခြင်းဖြစ်ပြီး စာပြန်ကျခွင့်ရရန်အတွက်ငွေကြေးများစွာပေးဆောင်ရကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်