ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်ကို ဦးဆောင်မယ်လို့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်ကို သွားရောက်မှာဖြစ်သလို နေပြည်တော်မှာလည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
မြန်မာစစ်အုပ်စုက ဒီခရီးစဉ်နဲ့ ပတ်သက်လို့ တစ်စုံတရာ အတည်ပြုပေးတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ဩဂုတ်လမှာ အာဆီယံ အထူးသံတမန် စေလွှတ်ဖို့ မလိုအပ်တော့ဘူးလို့ မြန်မာစစ်အုပ်စုက ပြောဆိုခဲ့ပါတယ်။
လာဇာရိုဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အရင်ကတည်းက တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေ ပြင်းထန်လာခဲ့ပြီး လူ ၁ သိန်းနီးပါး သေဆုံးကာ ၃ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
အာဆီယံရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို လိုက်နာမှု မရှိတာကြောင့် မြန်မာစစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံတွေမှာ ရွေးတုသမ္မတ မင်းအောင်လှိုင်ကို တရားဝင် ခရီးစဉ်တွေအဖြစ် လက်ခံတွေ့ဆုံတာမျိုးတွေ ရှိခဲ့ပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြုပါတီ လွှမ်းမိုးထားတဲ့ အထွေထွေရွေးကောက်ပွဲအပြီး ပြီးခဲ့တဲ့ ဧပြီလမှာ မင်းအောင်လှိုင်ဟာ သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရပြီး အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
News: Reuters
Ref; ASEAN envoy to lead humanitarian mission to Myanmar