ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ပတ်သက်လို့ သံတမန်ရေးအရ သဘောတူညီချက် ယူမလား၊ ဒါမှမဟုတ် စစ်ရေးအရ အပြတ်ရှင်းခံမလားလို့ တနင်္ဂနွေနေ့မှာ ရာဇသံပေးလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ်စစ်ပွဲ သုံးလထဲ ရောက်လာချိန်မှာ ဒေါ်နယ်ထရမ့်က “အီရန်နဲ့ သဘောတူညီချက် ယူရမလား၊ ဒါမှမဟုတ် အပြတ်ရှင်းပစ်ရမလား။ ဒါပဲ မေးစရာ ရှိတော့တယ်” လို့ Fox News ကို ပြောပါတယ်။
ပင်လယ်ကွေ့ ရေကြောင်းလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်တပ်တွေက အပြည့်အဝ ထိန်းချုပ်ထားပြီလို့ ၎င်းက ဆိုပါတယ်။
အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားတာ အောင်မြင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင် တိုက်ခိုက်ခဲ့တာပါ။
ဥရောပမြို့ကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေကို ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး အမေရိကန်မှာ ပြီးခဲ့တဲ့ ၁၈ လအတွင်း တရားမဝင် ဝင်ရောက်မှုမရှိအောင် နယ်စပ်ကို တင်းကျပ်စွာ ပိတ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနဲ့ စပိန်တို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ၎င်းက ထောက်ပြပြီး ပြင်သစ်သမ္မတ မက်ခရွန်ကိုလည်း နယ်စပ်မူဝါဒတွေကြောင့် နိုင်ငံပျက်စီးနေတာလို့ သတိပေးပါတယ်။
နည်းပညာကဏ္ဍမှာ ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ တစ်ပိုင်းလျှပ်ကူးလုပ်ငန်းတစ်ခုလုံးကို ဈေးနှုန်း နှိမ်ပြီး မတရား ရယူသွားခဲ့တာလို့ သူက စွပ်စွဲခဲ့ပါတယ်။
အမေရိကန်အစိုးရက အီရန်အပေါ် စစ်ရေးအရ အရှိန်မြှင့်မလား၊ ဒါမှမဟုတ် သံတမန်ရေးအရ ညှိနှိုင်းမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
News: Anadolu
Ref; Trump presents ultimatum on Iran: Deal or ‘finish them off’