စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်အတွင်းကရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံများ ထိခိုက်သေဆုံးမှုများရှိပြီး ထိတ်လန့်နေရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် ၏ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ ကျေး ရွာများကိုစစ်ကြောင်းထိုးသတ်ဖြတ်မှုများပြုလုပ်နေသဖြင့် ဒေသခံများသေဆုံးမှုများရှိခဲ့ပြီး ထိတ်လန့်ကြောက် ရွံ့နေကြရကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့တွင်ထုတ်ပြန်သည်။

စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်တွင် သိမ်ဇရပ်အခြေစိုက် (အမတ-၃၁၀)မှ လက်နက်ကြီး ၁၂၀မမ များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇီးပြောင်းကျေးနယ်အတွင်း လက်နက်ကြီး ၂လုံးနှင့် ခရွဲကျေးနယ်အုပ်စုအတွင်း ၃လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများစိုးရိမ်ကြောက်လန့်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စက်တင်ဘာ ၁၅ ရက်နေ့တွင်လည်း ခမရ(၂၀၇) တပ်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ဇီပြောင်းကျေးရွာနယ်အတွင်း ၃ လုံးကျရောက်ခဲ့ပြီး ခရွဲကျေးနယ်တွင် ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၁၄ ရက် နေ့လည် ၁၂ နာရီခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ဓမ္မဒူတ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ခမရ (၂၀၇)တပ်မှအင်အား ၆၀ ဝန်း ကျင်တပ်စွဲထားပြီး ခရွဲကျေးနယ်အတွင်းသို့ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော ကြောင့် ဒေသခံ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း KNUက ဆိုသည်။

ကေအဲန်ယူအုပ်ချုပ်နယ်‌မြေ ကျိုက်ထိုမြို့နယ်အတွင်း ခမရ (၂၀၇)၊ အမတ (၃၁၀)၊ အမတ(၆၀၂)၊ ကျိုက်ထို တပ်မ (၄၄) ဌာနချုပ်၊ ခလရ (၂) ၊ ခလရ(၈)၊ ခမရ (၂) ၊ ခမရ (၃) ၊ ခလရ (၉၆) စသည့် စစ်ကောင်စီလက်အောက်ခံတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေခြင်းများကြောင့် ဒေသခံပြည်သူများမှာ

ကြောက်လန့်နေရပြီးစားဝတ်နေရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#AyeyarwaddyTimes