
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်
ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ ထိန်း ချုပ်နယ်မြေ လေးကေ့ကော်ဒေသ တောင်ကုန်းတခုပေါ်ကို ကျူးကျော်လာတဲ့စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ် ကြောင်းတို့ ဇွန်လ ၂၉ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၄၀မမ၊ ၈၁ မမ၊ ၁၂၀ မမ စတဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ကျူးကျော်တိုက်ခိုက်လာလို့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ည ၁၀ နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီတပ်များ ဆုတ်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ည (၁၁) နာရီ ခန့်မှာ စစ်ကောင်စီဘက်က ပြန်လည်စုဖွဲ့ပြီး ထပ်မံကျူးကျော်လာခဲ့လို့ ထပ်မံ တိုက်ပွဲဖြစ် ပွားခဲ့ပြီးတိုက်ပွဲ ၂ ခုအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အထိနာတဲ့စစ်ကောင်စီတပ်ဟာ ဇွန် ၃၀ ရက် သန်း ခေါင်ကျော် မနက် ၁ နာရီဝန်းကျင်မှာ ရွှေညောင်ပင် ကြက်ကင်ကုန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်ခဲ့လို့ ကော်ဘရာတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာကထုတ်ပြန်ပါတယ်။
အဲ့ဒီနောက် ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်း လင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၆၀ မမ ဗုံးသီး ၄ လုံး၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ RPG ဗုံးသီးနဲ့ ယမ်း တောင့် ၁ ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။