စက်တင်ဘာလ ၁၉ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)

– အေအေထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ရှိလာ

– ပလက်ဝမြို့နယ်ထဲက အေအေတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်ဖြင့်တိုက်ခိုက်

– ချင်းနှင့် မကွေးအတွက် မမများနဲ့ ပွဲကမယ် တတိယပရောဂျက်မှ ၄၈ ရာခိုင်နှုန်း ရရှိထား

– သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေး ထောက်ခံဆန္ဒပြတဲ့ လှုပ်ရှားမှုကို ပြင်သစ်နိုင်ငံမှာ ကျင်းပ

– မကွေးတိုင်း ဆော၊ထီးလင်းနဲ့ မြိုင်မြို့နယ်တွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲချီတက်ဆန္ဒပြ

– ယင်းမာမြို့နယ်မှာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားကို PDF ရဲဘော်တစ်ချို့ ပစ္စည်းတွေ ပေါင်နှံပြီး ထောက်ပံ့ပေးခဲ့

– YBS ဘတ်စ်ကား ယာဉ်စီးခ ယခင်ထက် ၂ ဆနီးပါးမြင့်တက်

– မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီခန့် သံအမတ်ကို ၄ ကြိမ်အထိ ဆင့်ခေါ်ပြီး သတိပေးခံရ