ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတပ်နယ်အတွင်းရှိ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း (ထပရ ၆၂၆) အတွင်း၌ သန့်ရှင်းရေး ပြုလုပ်နေစဉ် အောက်တိုဘာ ၉ ရက်နေ့က လက်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် သန့်ရှင်းရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအနက် တပ်ကြပ်တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် သုံးဦးလုံး စိုးရိမ်ရ ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့သည့် စစ်သည်များကို ပြင်ဦးလွင်မြို့ရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ကုသရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့သုံးဦးမှာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။