ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်လာပြီး စစ်ရေးတင်းမာလျက်ရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တွင်းငယ်လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်းတစ်ခုကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

လက်ရှိတွင် စစ်တပ်သည် မိုးမိတ်မြို့အနီးသို့ အင် အားဖြည့်တင်း ချဉ်းကပ်လာနေပြီး ဒေသခံပြည်သူ များကို မြို့ပြင်ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားကာ ဌာနဆိုင်ရာဝန်ထမ်းများကိုမူ ကျောက်မဲမြို့ဘက်သို့ ကြိုတင်တိမ်းရှောင်ခိုင်းထားခဲ့သည်။ ထို့နောက် စကခ (၁) လက်အောက်ခံတပ်များက လေကြောင်းပစ်ကူအပြည့်အစုံဖြင့် မဘိမ်းမြို့ဘက်သို့ အလျင် အမြန် တပ်ဖြန့်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

 

“မိုးမိတ်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းနဲ့ တွင်းငယ်ဘက်က တက်လာတဲ့ စစ်ကြောင်း ပူးပေါင်းဖို့ ကြိုး စားတာကို ဆင်တဲကုန်းအနီးမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ လေကြောင်းပစ်ကူ အများအပြားသုံးပြီး တက်လာပေမဲ့ အောက်တိုဘာ ၁၀ ရက်မှာ သစ်ဆိမ့်ကုန်းစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စက်တင်ဘာ ၄ ရက်နေ့လည်ပိုင်းကလည်း မကွေးတပ်နယ်အတွင်းမှ အင်အား ၃၀၀ ဝန်းကျင်ပါဝင်သည့် စစ်ယာဉ်တန်း ၁၂ စီးသည် မတ္တရာ- သပိတ်ကျင်းလမ်းကြောင်းမှတစ်ဆင့် တွင်းငယ်လမ်းခွဲအတိုင်း မိုးမိတ်ဘက်သို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါစစ်ကြောင်းများမှာ နေပြည်တော်တိုင်းစစ်ဌာန ချုပ် (နပတ) လက်အောက်ခံဖြစ်ပြီး စစ်ရုံးချုပ်လုံခြုံရေးတာဝန်ယူရသည့် တပ်များကို ဒုတိယအကြိမ် ထပ်မံစေလွှတ်ခြင်းဖြစ်ကြောင်း၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနေဖြင့်လည်း ကျန်ရှိသည့်တပ်များကို နောက်တန်းဌာနချုပ်များသို့ အရေးပေါ် ပြန်လည်စုဖွဲ့နေရခြင်းဖြစ်သည်။

 

တိုက်ပွဲများပြင်းထန်နေစဉ် အောက်တိုဘာ ၁၀ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မိုးမိတ်-တွင်းငယ်လမ်းကြောင်းပေါ်ရှိ စစ်တပ်၏ သစ် ဆိမ့်ကုန်း စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါလမ်းကြောင်းကိုပါ ထိရောက်စွာ ဖြတ်တောက်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ပြောဆိုသည်။

 

ဓာတ်ပုံ-၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးမိတ်ကို သိမ်းပိုက်ခဲ့စဥ် မန္တလေး PDF(ပုံဟောင်း)