ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

ဥရောပသမဂ္ဂက ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၄ ဘီလီယံကျော် စစ်ရေးထောက်ပံ့မှုကို ဒီတစ်ပတ်အ တွင်း ပေးအပ်မယ်လို့ သမ္မတ ဇီလန်စကီးက အောက်တိုဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒီအကူအညီဟာ ဥရောပသမဂ္ဂက ယူကရိန်းအတွက် ထုတ်ပေးထားတဲ့ ယူရို ၉၀ ဘီလီယံ ချေးငွေ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

“ကျနော်တို့ပြည်သူတွေကို ကူညီဖို့ ဆောင်ရွက်ပေးတဲ့ ခိုင်မာသော ခြေလှမ်းတိုင်းအတွက် အထူး ပဲ ကျေးဇူးတင်ပါတယ်” လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဖွန်ဒါလီယင်နဲ့ ဖုန်းပြောဆိုမှုအပြီးမှာ ဇီ လန်စကီးက ဆိုပါတယ်။

ဒီဖုန်းပြောဆိုမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနဲ့ ရုရှားကြား စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ကြိုတင်အသိပေးမှု မရှိခဲ့ပေမယ့် ယူကရိန်းက လက်ခံသွား မယ်လို့ ဇီလန်စကီးက ဆက်ပြောပါတယ်။

အာဆူလာက ဇီလန်စကီးရဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေကို အပြည့်အဝ ထောက်ခံ ပြီး ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို မြှင့်တင်ဖို့ ဒီတစ်ပတ်အတွင်း ရန်ပုံငွေ ပေး အပ်သွားမယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဥရောပသမဂ္ဂရဲ့ ယူရို ၉၀ ဘီလီယံ ချေးငွေအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ အတည်ပြုခဲ့ပြီး ၂၀၂၇ ခုနှစ်ကုန်အထိ ယူကရိန်းရဲ့ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး လိုအပ်ချက် သုံးပုံနှစ်ပုံကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် ကာကွယ်ရေးစရိတ်အဖြစ် ယူရို ၂၈ ဒသမ ၃ ဘီလီယံ လျာထားပြီး ယူကရိန်း က တင်ပြထားတဲ့ အသုံးစရိတ် အစီအစဉ်တွေကို ဘရပ်ဆဲလ် အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ပါ တယ်။

အောက်တိုဘာ ၇ ရက်မှာ ဥရောပသမဂ္ဂက အကူအညီအဖြစ် ယူရို ၁ ဒသမ ၂၄ ဘီလီယံကို ယူက ရိန်းသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

ကာကွယ်ရေးရန်ပုံငွေ ယူရို ၁၅ ဒသမ ၄ ဘီလီယံ ကျန်ရှိနေသေးပြီး ယူကရိန်းက တင်ပြမယ့် အ ထောက်အထားတွေကို စိစစ်ပြီးမှ ဆက်လက် ထုတ်ပေးသွားမှာပါ။

ယူကရိန်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် မူတည်ပြီး ထောက်ပံ့မှုအ ဖြစ် ယူရို ၁၇ ဒသမ ၁ ဘီလီယံ ထပ်မံ ပေးအပ်မှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂမှ အကူအညီတွေ ရရှိနေပေမယ့် ယူကရိန်းနိုင်ငံအနေနဲ့ ၂၀၂၇ ခုနှစ် ဘတ်ဂျက်မှာ ဒေါ်လာ ၄၂ ဘီလီယံခန့် လိုအပ်ချက် ရှိနေသေးတယ်လို့ ခန့်မှန်းထားပါတယ်။

News: Kyiv Independent
Ref; EU to provide Ukraine with 3 billion euro tranche of military funding this week