ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားခဲ့ရာ လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ် တပ်က ဘေးသင့်ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

 

နီပေါနိုင်ငံအလယ်ပိုင်း ဂေါ်ခါးခရိုင်မှာ တနင်္ဂနွေနေ့က တောင်ပြိုမှုကြောင့် မြေစာတွေ မြစ်ထဲပိတ် ဆို့သွားပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာလို့ နီပေါစစ်တပ်က ပြောပါတယ်။

 

တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ ချိုင့်ဝှမ်းထဲကို နောက်ကျိနေတဲ့ မြစ်ရေတွေ အရှိန်နဲ့ စီးဆင်းနေ တာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပြီး အနီးအနားက ဒေသခံတွေကို ကုန်းမြင့်ပိုင်းဘက် ရွှေ့ပြောင်းကြ ဖို့ ညွှန်ကြားထားပါတယ်။

နီပေါ အာဏာပိုင်တွေက မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ဆီ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

 

သတင်းတွေအရ နေအိမ် ၄၀ နီးပါးနဲ့ တံတားတွေ မျောပါသွားခဲ့ပြီး ရေအားလျှပ်စစ် စီမံကိန်းတစ်ခု လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

နီပေါစစ်တပ်က တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိအချိန်ထိ လူ ၄၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်နယ်စပ်အနီး ဒေသတွေမှာ အလားတူ ရေကြီးရေလျှံမှုကြီး ဖြစ် ပွားခဲ့ဖူးလို့ အခုအခါမှာ အာဏာပိုင်တွေက အထူးသတိထားပြီး စောင့်ကြည့်နေပါတယ်။

 

အဆိုပါဘေးအန္တရာယ်ကြောင့် နီပေါဘက်ခြမ်းမှာ လူ ၁,၄၅၅ ဦး သေဆုံးခဲ့ရပြီး ဂျပန်နိုင်ငံသား ၅ ဦး အပါအဝင် လူ ၅,၂၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

 

News: NHK
Ref; Nepal hit by flash flood leaving 5 people missing