ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ ကြိုးပမ်းမှုတွေကြောင့် ၂၀၂၆ ခုနှစ်အတွက် နိုဘယ်ငြိမ်း ချမ်းရေးဆုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှ တရားသူကြီးတစ်ဦးကို ပေးအပ်ဖို့ နော် ဝေ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။
ဆုရရှိသူ နာဗီပီလေးကို ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး တောင်အာဖရိကနိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှုစ နစ်အောက်မှာ ကြီးပြင်းခဲ့ရတာပါ။ သူဟာ နောက်ပိုင်းမှာ ရှေ့နေတစ်ဦး ဖြစ်လာခဲ့ပြီး နယ်လ်ဆင်မန်ဒဲ လား အပါအဝင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သူတွေကို ရှေ့နေလိုက်ပေးခဲ့ပါတယ်။
သူဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှာ တ ရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နာဗီပီလေးဟာ လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်နေပြီး မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့အမှုမှာ ပါဝင်ဆောင်ရွက်နေ ပါတယ်။

သမိုင်းဝင် နိုင်ငံတကာတရားရုံး အမှုတွေမှာ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုတွေဟာ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကို တားဆီးရာမှာ အထောက်အကူပြုနိုင်ကြောင်း ပီလေးက သက်သေပြခဲ့ သလို နိုင်ငံတကာဥပဒေစနစ် ပိုမိုခိုင်မာလာစေဖို့ ကူညီပေးခဲ့တယ်လို့ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီ က ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတကာဥပဒေစနစ်ဟာ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ၎င်းက ထောက်ပြပါတယ်။
ပီလေးကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်တာဟာ ငြိမ်းချမ်းရေးရရှိဖို့နဲ့ အကြမ်းမဖက်ဘဲ ပဋိပက္ခ တွေကို ဖြေရှင်းဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးထံ နောက်တစ်ကြိမ် အသိပေး လိုက်တာလို့ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ပြောပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့အတွက် တရားမျှတမှုဟာ မရှိမဖြစ် လိုအပ်တယ်လို့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ဆိုပါတယ်။
ဆုရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်းကို ပီလေးက ဂျာမနီနိုင်ငံတောင်ပိုင်း နူးရင်ဘတ်ဂ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာဖိုရမ်တစ်ခုကို တက်ရောက်စဉ် သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါ တယ်။
ဒီနိုဘယ်ငြိမ်းချမ်းရေးဆုဟာ ရရှိခဲ့ဖူးသမျှထဲမှာ အမြင့်မားဆုံးနဲ့ အမွန်မြတ်ဆုံး ဂုဏ်ပြုဆုဖြစ် တယ်လို့ ၎င်းက တင်စားပြောဆိုခဲ့ပါတယ်။
“ဒီဆုကို နိုင်ငံတကာ ရာဇဝတ်မှုတွေကနေ လွတ်မြောက်ကျန်ရစ်သူတွေ အားလုံးနဲ့အတူ နိုင်ငံတ ကာ တရားမျှတမှုကို ဖော်ဆောင်သူတွေ၊ ကာကွယ်သူတွေအတွက် ရည်ညွှန်းပါတယ်” လို့ သူက ဆိုပါ တယ်။
“ဒီဆုဟာ ကျွန်မတို့အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်တဲ့ တရားရုံးတွေနဲ့ မူဝါဒအပေါ် အ ခြေခံတဲ့ နိုင်ငံတကာ ဥပဒေစနစ်တွေကို ကာကွယ်ဖို့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပို မိုခိုင်မာစေပါတယ်” လို့ ပီလေးက ပြောပါတယ်။
အခုခေတ်ကာလဟာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးတွေအပေါ် နိုင်ငံရေးအရ တိုက်ခိုက်မှု တွေ ရင်ဆိုင်နေရတဲ့ ခေတ်ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။
“ဒီလို ပိုမိုဆိုးရွားလာတဲ့ အခြေအနေဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပေါ် တိုက်ခိုက်မှုတွေ မှာ ပိုပြီး ထင်ရှားပေါ်လွင်နေပါတယ်၊ ကျွန်မတို့ လုံးဝ မလိုချင်တာကတော့ နိုင်ငံတွေက သူတို့သဘောအ တိုင်း အနိုင်ကျင့် ဗိုလ်ကျ ဆောင်ရွက်သွားမှာကိုပါပဲ” လို့ ၎င်းက သတိပေးပါတယ်။
News: NHK
Ref; ICJ judge awarded Nobel Peace Prize