ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
ရွေးတုသမ္မတအဖြစ် မလေးရှားနိုင်ငံသို့ သွားရောက်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ရေး အကျပ်အတည်းများနှင့်အတူ ရပ်ဆိုင်းနေသော ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) များတွင် ရင်းနှီးမြှုပ်နှံရန် မလေးရှားအစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်များ မက်လုံးပေး၍ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့၏ ပိတ်ဆို့ဖယ်ကြဉ်မှုမှ လွတ်မြောက်ကာ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းသည့်အနေဖြင့် လူသားချင်းစာနာမှု ခေါင်းစဉ်တပ်ကာ မလေးရှားနိုင်ငံသို့ ၂ ရက်တာ သွားရောက်စဉ်အတွင်း ပြုလုပ် ခဲ့သော နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွင် ရွေးတုသမ္မတက ထည့်သွင်းပြောကြားခဲ့ခြ င်းဖြစ်သည်။
မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါဇုန်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ထားဝယ်နှင့် ကျောက်ဖြူတို့မှာ အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများဖြစ်ကာ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက် အရ သိရသည်။
သို့သော် မြေပြင်တွင် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာကာ နယ်မြေဒေသများ လက်လွှတ် နေရပြီးယခင်ကတည်းက အောင်မြင်ခြင်းမရှိခဲ့သော ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် ကြိုးပမ်းရာတွင်လည်း စစ်ရေးပြင်းထန်လာမှုကြောင့် လုံခြုံမှုမရှိဘဲ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေသည်။
ရုရှားအစိုးရဘက်ကလည်း အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ရင်းနှီးငွေ ပြန်ဆပ်ကာလအတွင်း ရှယ်ယာအများစု ပိုင်ဆိုင်လိုသည်ဟု အကျပ်ကိုင်တောင်းဆိုလာခြင်းကြောင့် ညှိနှိုင်းနေရဆဲဖြစ်ကာ ယခုအခါ မလေးရှားဘက်သို့ ထပ်မံဖိတ်ခေါ်နေခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမည်ဆိုပါက စက်ရုံတည်ဆောက်ခြင်းအဆင့်သာမက Industrial Cluster ဖော်ဆောင်ခြင်း၊ Supplier Network တည်ဆောက်ခြင်း၊ Logistics Hub နှင့် Export Processing Facilities များ တည်ဆောက်ခြင်းတို့အထိ တိုးချဲ့ဆောင်ရွက်နိုင်ကြောင်းလည်း မက်လုံးပေး ဆိုထားသည်။
သို့သော် မြေပြင်တွင် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာကာ နယ်မြေဒေသများ လက်လွှတ် နေရပြီး ယခင်ကတည်းက မအောင်မြင်ခဲ့သော ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရုရှားနိုင်ငံနှင့် ပူးပေါင်းရန် ကြိုးပမ်းရာတွင်လည်း စစ်ရေးပြင်းထန်လာမှုကြောင့် လုံခြုံမှုမရှိဘဲ ရှေ့ဆက်နိုင်ခြင်း မရှိဖြစ်နေကြောင်း သိရသည်။
ရုရှားအစိုးရဘက်ကလည်း အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ရင်းနှီးငွေ ပြန်ဆပ်ကာလအတွင်း ရှယ်ယာအများစု ပိုင်ဆိုင်လိုသည်ဟု အကျပ်ကိုင်တောင်းဆိုလာခြင်းကြောင့် ညှိနှိုင်းနေရဆဲဖြစ်ကာ ယခုအခါ မလေးရှားဘက်သို့ ထပ်မံဖိတ်ခေါ်နေခြင်း ဖြစ်သည်။
အလားတူ တရုတ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာလည်း အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ဖြတ်တောက်ခံထားရပြီး စစ်ရေးအရ အကျပ်အတည်းနှင့် ခြိမ်းခြောက်ခံနေရကာ လုပ်ငန်းအချို့ ရပ်ဆိုင်းထားရကြောင်း သိရသည်။
အဆိုပါ မြေပြင်အခြေအနေများကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဏာ သိမ်းမှုကို ထောက်ခံကူညီနေသည့် နိုင်ငံတချို့သို့ သွားရောက်ခွင့်ရတိုင်း ယခု ကဲ့သို့ မက်လုံးပေး ဖိတ်ခေါ်လေ့ရှိသော်လည်း လက်တွေ့တွင် မည်သည့်နိုင်ငံမှ စိတ်ဝင်စားမှု ပြသခြင်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ – MOI