
သေနတ်ပျောက်နေတဲ့စစ်ကောင်စီတပ်က ထိုင်နေကျအရက်ဆိုင်ပိုင်ရှင်လင်မယားအပါအဝင် ဒေသခံ ၃၀ လောက်ကို ဖမ်းဆီးစစ်ဆေးနေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့အခြေစိုက် အမှတ် ၂၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ် ( လက တ ၂၀၁၇)တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၄င်းတို့သေနတ်ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ဒေသခံ ၃၀ လောက်ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
ကျွန်းတောကုန်းအုပ်စု၊သကြားစက်အနီး ဓာတ်အားပေးရုံးမှာတပ်စွဲထားတဲ့ အဲ့ဒီစစ်ကောင်စီတပ်ဟာ စက် တင်ဘာလ ၁၄ ရက်နေ့က ဗိုလ်မှူး ၁ ဦး နဲ့တပ်ကြပ်ကြီး ၁ ဦး ကိုင်ဆောင်တဲ့သေနတ် ၂ လက်ပျောက်ဆုံးခဲ့တာပါ။
အဲ့ဒီလိုပျောက်ဆုံးနေတာကြောင့် စစ်ကောင်စီတပ်စွဲထားတဲ့နေရာနဲ့ ၄ မိုင်အကွာကုလားကုန်းရွာနဲ့သင်းအင်းရွာကြားမှာရှိတဲ့ ၎င်းတို့ထိုင်နေကျ အရက်ဆိုင်က ပိုင်ရှင်လင်မယားကို ကနဦးဖမ်းဆီးခဲ့ပြီး လက်ရှိဖမ်းဆီးအစစ်ခံရတဲ့သူ ၃၀ ဝန်းကျင်လောက်ရှိပြီလို့ ဒေသခံတဦးကပြောပါတယ်။
” စပျောက်တာသိသိချင်း အဲ့ဒီသူတို့ထိုင်နေကျအရက်ဆိုင်ဘဲ အဲ့ဒီဆိုင်ပိုင်ရှင်လင်မယားကိုအရင်ဖမ်းပြီးနှိပ် စက်ပြီးစစ်တယ်။ အဲ့ဆိုင်ကလည်းသူတို့နဲ့ပနာရတယ်၊ ဘယ်သူကဘယ်လိုပြောလိုက်လို့ဖမ်းလဲတော့မသိဘူး။ နောက် ဟိုလူ့ဖမ်းစစ်၊ဒီလူ့ဖမ်းစစ်နဲ့ ၃၀ နီးပါးလောက်ရှိတော့မယ်ဖမ်းခံရတာ။ အဲ့ဒီလင်မယားရော နောက်ဖမ်းတဲ့သူတွေရောခုထိမလွတ်သေးဘူး” လို့
ဥက္ကံမြို့ခံအမျိုး သားတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
သေနတ်တွေပျောက်ဆုံးတာ ၅ ရက်ရှိပြီး ဒီကနေ့ထိပြန် လည်တွေ့ရှိတာမျိုးမရှိသေးဘဲ စစ်ကောင်စီတပ်တွေကမြို့အနှံ့ပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ဥက္ကံမှာတပ်စွဲထားတဲ့ စစ်ကောင်စိလေကြောင်းရန်တပ်ဟာ ကပစထုတ် ပစ္စတိုသေနတ် MA 5 ၁ လက်နဲ့ MA 3 ရိုင်ဖယ် ၁ လက်ပျောက်ဆုံးနေတာလို့ သိရပါတယ်။
#AyeyarwaddyTimes