ကာဂျစ္စတန်-တာဂျစ်ကစ္စတန် နယ်စပ်တိုက်ခိုက်မှုမှာ သေဆုံးသူ ၃၆ ဦးအထိ ရှိလာ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

မကြာသေးမီက တာဂျစ်ကစ္စတန်နိုင်ငံနဲ့ နယ်စပ်တိုက်ခိုက်မှုတွေမှာ လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ တယ်လို့ ကာဂျစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဘတ်ကန်ဒေသက လက်နက်ကိုင်ပဋိပက္ခမှာ သေဆုံးသူအရေအတွက်က စုစုပေါင်း ၃၆ ဦးဖြစ်ပြီး ၁၃၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်လို့ ကာဂျစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

နှစ်နိုင်ငံစလုံးက ပြီးခဲ့တဲ့ သောကြာနေ့မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပေမယ့် သဘောတူညီချက် ကို ချိုးဖောက်တယ်လို့ အပြန်လှန် စွပ်စွဲခဲ့ကြပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေက အခြေအနေတည်ငြိမ်စေဖို့နဲ့ ငြိမ်းချမ်းသောနည်းလမ်းနဲ့ တင်းမာမှုတွေကို တားဆီးဖို့ အစီအမံတွေအားလုံး လုပ်ဆောင်နေပါတယ်လို့ နယ်စပ်အာဏာပိုင်တွေက ပြောပါတယ်။

နှစ်ဖက်ခေါင်းဆောင်ပိုင်းက တာရှည်ခံသော အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။

ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့က ရုရှားဦးဆောင်တဲ့ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့အစည်း (CSTO) အဖွဲ့ဝင်နိုင်ငံများဖြစ်ပေမယ့် မကြာခဏဆိုသလို တိုက်ခိုက်မှုတွေပြုလုပ်ကြပါတယ်။

ရုရှားက တင်းမာမှုတွေလျှော့ချဖို့ နှစ်နိုင်ငံစလုံးကို တိုက်တွန်းခဲ့ပြီး နယ်စပ်အငြင်းပွားမှုတွေအတွက် ရေ ရှည်အဖြေရှာရာမှာ ကူညီပေးဖို့အသင့်ရှိတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ – Reuter

ကိုးကား – The Straits Times

Ref; Kyrgyz-Tajik clashes death toll rises to 36: Kyrgyz ministry