ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝါရှင်တန်မြို့မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း အီရန်ကို ကူ ညီတာတွေ မလုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို သတိပေးခဲ့ပြီး တရုတ်ကလည်း ကူညီမှာမဟုတ်ဘူးလို့ အာမခံချက်ပေးခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ပါဂျူးက စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

အီရန်ကို တရုတ်က ဝေဟင်ခွင်းဒုံးတွေ ထောက်ပံ့ပေးနေတဲ့ သတင်းတွေနဲ့ အီရန်ရဲ့ ရေနံရောင်းချ မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေကို တရုတ်ရဲ့ အကူအညီနဲ့ ရှောင်လွှဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက် ပေါ်လာပြီးနောက်မှာ အခုလို သတိပေးမှု ထွက်ပေါ်လာတာပါ။

အီရန်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ကူညီထောက်ပံ့ပေးတာဟာ လုံးဝ လက်ခံနိုင်စ ရာမရှိဘူးလို့ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်ကို ပြောခဲ့တယ်လို့ ဒေးဗစ်ပါဒူးက CNBC သတင်းဌာနနဲ့ တွေ့ ဆုံရာမှာ ပြောပါတယ်။

တရုတ်အနေနဲ့ အီရန်ကို ကူညီနေတာတွေကို ရပ်တန့်မှာလားလို့ Fox News က မေးမြန်းခဲ့ရာမှာ ပေကျင်းက အာမခံချက် ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့ပါတယ်။

အီရန်ကို အကူအညီ မပေးတော့ဘူးဆိုတဲ့ ကတိကဝတ်အတိုင်း လုပ်ဆောင်နေတာကို စတင်မြင် တွေ့နေရပြီး တရုတ်က လုံးဝ မလုပ်ဆောင်ပါဘူးလို့ အာမခံခဲ့ကြောင်း သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်ပွဲအ ကြောင်း ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်လို့ အတည်ပြုပေမဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောခဲ့တာ မရှိပါဘူး။

အီရန်ဟာ တရုတ်ထုတ် ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် ၄၀၀ ပါဝင်တဲ့ ပထမအ သုတ်ကို သီတင်းပတ်အနည်းငယ်အတွင်း လက်ခံရရှိမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အီရန်ဟာ ရေနံရောင်းချမှု ဒဏ်ခတ်ပိတ်ဆို့ခံရတာကို ရှောင်လွှဲဖို့နဲ့ တရုတ်ဆီကနေ ဒေါ်လာ ဘီ လီယံချီတန် စစ်လက်နက်တွေကို ဝယ်ယူဖို့ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ်ကို အသုံးပြုခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ အမေရိကန်နဲ့ အီရန်တို့ကို စစ်ပွဲအဆုံးသတ်မဲ့ ဆွေးနွေးပွဲတွေဆီ ပြန်လာဖို့ တိုက် တွန်းခဲ့တယ်လို့ တရုတ် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပေမဲ့ အီရန်ကို ကူညီပေးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ မထုတ်ပြန်ခဲ့ပါဘူး။

ဝါရှင်တန်ကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ဟာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တရားဝင် လက်ခံဖြေကြားတာမျိုး မလုပ်ခဲ့ပါဘူး။

News: Reuters
Ref; Trump warns Xi over Chinese support for Iran, receives assurances, US envoy says