ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

 

ကမ္ဘာ့တဝန်းဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက်ကြိုးစားဆောင်ရွက်တော်မူသော ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ သက်တော် ( ၉၉ ) နှစ်သည် ယနေ့ စက်တင်ဘာ ၁၉ ရက်၌ ရန်ကုန်မြို့၊ ဂရန်းဟံသာဆေးရုံတွင် ခန္ဓာ့ဝန်ချပျံလွန်တော်မူသွားကြောင်း ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့ကထုတ်ပြန်သည်။

 

ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပမည့် အချိန်ဇယားအသေးစိတ်ကို ထပ်မံကြေညာပေးမည်ဟု ဖော်ပြပါရှိသည်။

ဆရာတော်ဘုရားကြီးသည် ပြည်တွင်း၊ ပြည်ပ၌ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမတော်များကို အခြေခံ၍ ဓမ္မတရားတော်များဟောကြားခြင်း၊ ဓမ္မလမ်းစဉ်အတိုင်းလမ်းညွှန်ဆုံးမတတ်ခြင်းနှင့် ကရုဏာ၊ မေတ္တာ၊ စေတနာအပြည့်ဖြင့်စောင့်ရှောက်ကူညီတော်မူတော်ကြောင်းသိရသည်။

 

ဆရာတာ်ဘုရားကြီးသည် အာရှ၊ ဥရောပ၊ အမေရိကတိုက်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်သို့ သာသနာပြုခရီးအဖြစ် လှည့်လည်ကြွချီတော်မူပြီး ဓမ္မတရားတော်များဟောကြားတော်မူခဲ့သည်။

 

ပြည်တွင်း၊ ပြည်ပ၍ သာသနာရိပ်သာများတည်ထောင်ပြီး တရားအားထုတ်နည်းများနှင့် တရားထိုင်နည်းများကို ညွှန်ကြားလမ်းပြပြီး စာအုပ်များရေးသားကာ သာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

 

ဓာတ်ပုံ – ချမ်းမြေ့ရိပ်သာကျောင်း