ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

​ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ပန်းတောကျေးရွာတွင် ကျူရှင်သွားသည့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦး သတ်ဖြတ်ခံရပြီး ဝတ်ဆင်ထားသည့် ရွှေနားကွင်းပါ ဖြုတ်ယူခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

​သေဆုံးသူမှာ ပန်းတောကျေးရွာနေ Grade-5 ကျောင်း သူ မဆောင်းနှင်းဖြူ (၁၁ နှစ်) ဖြစ်ပြီး ၎င်းသည် စက် တင်ဘာ ၁၃ ရက် ညနေ ၆ နာရီ မိနစ် ၃၀ခန့်က တစ်ရွာတည်းနေ ကျူရှင်ဆရာမ ဒေါ်ခင်မဉ္ဇူထံ ကျူရှင်သွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်‌ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းမှာ အိမ်သို့ ပြန်လည်ရောက်ရှိမလာသဖြင့် မိသား စုဝင်များနှင့် ရွာသားများက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ ကျူရှင်ဆရာမအိမ်အနီး လယ်ကွင်းစပ်တွင် လည်ပင်း၌ အဝတ်စည်းလျက် သေဆုံးနေသည့် ရုပ်အလောင်းကို ညပိုင်း၌ ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ် သည်။

​အခင်းဖြစ်ပွားသည့်နေရာကို စစ်ဆေးစဉ် မဆောင်းနှင်းဖြူ ဝတ်ဆင်ထားသည့် နားကွင်းတစ်ရံ ပါသွားသည်ကို တွေ့ရှိရသဖြင့် လုယက်သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မအူပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။