ပုသိမ်မြို့မှာ စစ်ကောင်စီရပ်ကွက်ရုံးနား ဗုံးပေါက်ကွဲ ထိခိုက်မှု မသိရသေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရုံးနားမှာ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုဟာ အသံအကျယ်ကြီးကြားရပေမယ့် စစ်ကောင်စီ တပ်သားတွေခြေရှုပ်နေလို့ သွားကြည့်တာမျိုးတော့ မလုပ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” ရပ်ကွက်ရုံးနာလို့ကြားတယ် မရမ်းချိုရုံးနားကွဲတာ ထိခိုက်မှုတော့ သေချာမသိသေးဘူး အသံကတော့ အတော်ကျယ်တယ် အိမ်ပါလှုပ်သွားတယ်”လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်သားတွေခြေရှုပ်နေတာကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

ခုပေါက်ကွဲမှုဟာ ပုသိမ်မြို့မှာ သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနောက်ပိုင်း ပထမဆုံးပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

(ဓာတ်ပုံအဟောင်းအားပြန်လည်းအသုံးပြုထားပါသည်)