
ရေစကြို ပကဖ သင်တန်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းက ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းပေးနေတဲ့ သင်တန်းစခန်းကို စစ်ကောင်စီတပ်က ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် လက်ရှိကာလငွေတန်ဖိုး ကျပ်သိန်း ( ၅၀၀)ခန့် ဆုံးရှုံးနစ်နာခဲ့တယ် လို့ ရေစကြို ပကဖ ကထုတ်ပြန်သည်။
ထို့ပြင် ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်များ နဲ့ သင်တန်းသားများ အထိအခိုက်မရှိပဲ ဆုတ်ခွဲနိုင်ခဲ့ပါတယ် လို့ ရေစကြို ပကဖ မှ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-PhotoYesagyo_PDF
#AyeyarwaddyTimes