ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

အမေရိကန်က အီရန်အပေါ် စီးပွားရေးအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် အီရန်နဲ့ စီးပွားရေး လုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို လွှမ်းခြုံမယ့် စီးပွားရေး ပိတ်ဆို့မှုအသစ်တွေကို ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆန့်က ကြေညာခဲ့ပြီး ဒီအရေးယူမှုကို စီးပွားရေးအရ “D-Day” လို့ ခိုင်းနှိုင်း ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်မြို့မှာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ကြေညာချက်မှာတော့ ဒီပိတ်ဆို့မှု စစ်ဆင်ရေးကို “Operation Economic Outcast” လို့ အမည်ပေးထားကြောင်း ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အီရန်ရဲ့ ဘဏ္ဍာရေး ဆက်သွယ်မှုတွေကို စီးပွားရေးအရ ထိုးစစ်ဆင်လိုက်တာပါ။

ကျွန်တော်တို့ရဲ့ ပစ်မှတ်ကတော့ အီရန်အစိုးရ တစ်ကောင်ကြွက် ဖြစ်သွားသည် အထိ ဒီအာဏာရှင်အစိုးရကို ထောက်မထားတဲ့ စီးပွားရေး အသက်သွေးကြော အားလုံးကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒီပိတ်ဆို့မှုကို ချိုးဖောက်တဲ့ နိုင်ငံတွေဆိုရင် ဒေါ်လာစနစ်သုံး ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းထဲက နေ ဖယ်ရှားခံရနိုင်တယ်လို့ စကော့ဘစ်ဆန့်က သတိပေးခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ကို ဝိုင်းပယ်ရေး စစ်ဆင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို ဖုန်းဆက်ဆွေးနွေးနေပြီး ဒီသီတင်းပတ်မကုန်ခင်မှာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ အပါအဝင် နောက် ထပ် ပိတ်ဆို့မှုတွေကို ထပ်မံထုတ်ပြန်ဦးမယ်လို့လည်း ပြောပါတယ်။

အီရန်ခေါင်းဆောင်တွေကတ စကော့ဘစ်ဆန့်ရဲ့ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်ကတည်းက တုံ့ ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီက မူရင်းအတိုင်း ပြန်ရိုက်ပြနေတဲ့ ဇာတ်လမ်း ဟောင်းပဲလို့ ပြောခဲ့သလို လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါဂါလီဘတ်က အမေရိကန်မှာ အခြားနိုင်ငံ တွေနဲ့ ဆက်ဆံရေးကို ပိုတင်းကြပ်နိုင်လောက်တဲ့ စီးပွားရေး အခြေအနေမရှိဘူးလို့ လူမှုကွန်ရက်မှာ ရေး သားခဲ့ပါတယ်။

ကိုးကား – NHK
Ref; US Treasury Secretary Bessent announces new sanctions against Iran