ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ သြဂုတ် ၂၅ ရက်

 

ချင်းပြည်နယ်မြောက်ပိုင်းရှိ တွန်းဇံမြို့နယ်တွင် ဇိုမီးအမျိုးသားတပ်မတော် (ZNA) ၏ တပ်စခန်းတစ်ခုကို ရွေးတုအစိုးရတပ် နှင့် ပူးပေါင်းနေသည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဝင်ရောက်စီးနင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

တွန်းဇံမြို့နယ်၊ တွီးကျင်ကျေးရွာနှင့် မွာလ်လုမ်းကျေးရွာကြားရှိ ZNA ၏ စခန်းကို ဩဂုတ် ၂၃ ရက် ညနေပိုင်းမှစတင်၍ ZRA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ် ၂၄ ရက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

 

“တိုက်တာက ၂၃ ရက်နေ့ ညနေပိုင်းမှာ စတိုက်ကြတာပါ။ မနေ့ကမနက်ထိ တိုက်ပွဲတွေက ဆက်ဖြစ်သေးတယ်။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး တိုက်ပွဲက အတော်လေး ပြင်းထန်ပါတယ်”ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ZRA ၏ ထုတ်ပြန်ချက်အရ အဆိုပါ စခန်းကို ယမန်နေ့ ဩဂုတ် ၂၄ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းမှ ဒရုန်း တစ်စီးနှင့် သေနတ် နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ZNA တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး တီအိုချောင်းဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်းနှင့် မိမိတို့ဘက်မှ ရဲဘော်များ ထိခိုက်မှု မရှိကြောင်းလည်း ဖော်ပြထားသည်။

 

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းကို ZRA ဘက်က ထုတ်ပြန်ထားခြင်း မရှိသကဲ့သို့ ဒေသခံများအနေဖြင့်လည်း တိတိကျကျ သိရှိခြင်းမရှိပေ။

 

“အဲဒီနေရာမှာ စခန်းချတာ၊ လှုပ်ရှားတာ မလုပ်ဖို့ ZRA ဘက်က သတိပေးတာမျိုး လည်း မရှိဘူး။ အရင်က ZNA မခွဲထွက်ခင်တည်းက နှစ်ဖွဲ့စလုံး အဲဒီဘက်မှာ လှုပ်ရှားခဲ့ကြတာပါ။ ဘာအတွက်ကြောင့် အခုလို တိုက်တယ်ဆိုတာ မသိဘူး။ နှစ်ဖွဲ့စလုံးက ကိုယ့်ဇိုမီးချင်းတွေ ဖြစ်နေတယ်” ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ZRA ၏ ထုတ်ပြန်ချက်အရ အဆိုပါ စခန်းကို ယမန်နေ့ သြဂုတ် ၂၄ ရက်နေ့ သိမ်းပိုက်ရရှိပြီး စခန်းအတွင်း ZNA ထံမှ ဒရုန်း (၁) စီးနှင့် သေနတ် (၂) လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ZNA တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ZNA တပ်ဖွဲ့ဝင်များသည် တီအိုချောင်းဘက် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း၊ ZRA ဘက်မှ ရဲဘော်များ ထိခိုက်သေဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ပွဲကို မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ကိုမူ ZRA ဘက်မှ ထုတ်ပြန်ထားခြင်း မရှိသလို ဒေသခံများအနေဖြင့်လည်း သိရှိရခြင်း မရှိပေ။

 

“အဲနေရာမှာ စခန်းချတာ၊ လှုပ်ရှားတာ မလုပ်ဖို့ ZRA ဘက်က တောင်းဆိုတာ မရှိဘူး။ အရင်ကလည်း ZNA ခွဲမထွက်ခင်ကတည်းက အဲနေရာမှာ ZRA တွေ လှုပ်ရှားတာပါ။ ဘာအတွက်ကြောင့် တိုက်တာလည်း မသိဘူး။ နှစ်ဖွဲ့စလုံးက ကိုယ့်ဇိုမီးလူမျိုးတွေဖြစ်နေတယ်” ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စခန်းတိုက်ခိုက်ခံရမှုနှင့် ရဲဘော်များ ထိခိုက်ကျဆုံးသည့် အခြေအနေများနှင့် ပတ်သက်၍ ဇိုမီးအမျိုးသားတပ်မတော် (ZNA) ဘက်က ယနေ့ ဩဂုတ် ၂၅ ရက်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 

ဇိုမီးအမျိုးသားတပ်မတော် (ZNA) သည် ZRA ၏ ရွေးတုအစိုးရစစ်တပ်နှင့် ပူးပေါင်းသည့် မူဝါဒများကို ကျေနပ်ခြင်းမရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ZRA မှ ခွဲထွက်ကာ သီးသန့်ရပ်တည်နေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။