ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
အမေရိကန်အနေနဲ့ အီရန်အပေါ် ဆက်ဆံတဲ့ သဘောထားနဲ့ ပြောဆိုပုံတွေကို ပြောင်းလဲရမှာဖြစ် ပြီး အနိုင်ကျင့် ဗိုလ်ကျတဲ့နည်းလမ်းတွေ သုံးနေသရွေ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ပိုပြီး ရှုပ်ထွေးသွား စေမယ်လို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က သတိပေးလိုက်ပါတယ်။
ပါကစ္စတန် စစ်ဦးစီးချုပ် အဆင်းမူနာနဲ့ တနင်္လာနေ့က အီရန်မှာ တွေ့ဆုံစဉ် ပီဇက်ကီယန်က အ မေရိကန်ရဲ့ ဖိအားပေးမှုတွေဟာ ပါကစ္စတန် ကြားဝင်ပေးတဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) ဖော် ဆောင်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ ပြောပါတယ်။
ဒေသတွင်းမှာ ရေရှည်တည်ငြိမ်အေးချမ်းမှု ရရှိဖို့နဲ့ မွတ်ဆလင်နိုင်ငံတွေကြား ပူးပေါင်းဆောင် ရွက်ဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အချက်ဖြစ်တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
အီရန် စီးပွားရေးဝန်ကြီး အလီမာဒါနီဇာဒတ်က အမေရိကန်ရဲ့ ပိတ်ဆို့မှုအသစ်တွေကို တုံ့ပြန်ဖို့ အီ ရန်မှာ ၂ နှစ်စာ အစီအစဉ် ရှိထားပြီးသားဖြစ်လို့ အမေရိကန်အနေနဲ့ နောက်ထပ် စစ်ရေး၊ စီးပွားရေး စိန် ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်ရဦးမယ်လို့ ပြောပါတယ်။
အမေရိကန်ဟာ အီရန်ပြည်သူတွေနဲ့ အစိုးရရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ဖို့ နည်းမျိုးစုံ သုံးခဲ့ပေမဲ့ ရှုံးနိမ့် ခဲ့သလို အခုလည်း နောက်ထပ် အရေးနိမ့်မှုတစ်ခုကို ထပ်မံကြုံတွေ့ရအုန်းမယ်လို့ ၎င်းက ရုပ်သံမှတစ် ဆင့် ပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်ကြား တိုက်ရိုက်ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ပါကစ္စတန်က ကြိုးပမ်းနေချိန်မှာ ပါကစ္စတန် စစ်ဦးစီးချုပ်ဟာ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါကာလီဘတ်နဲ့ သီးခြားတွေ့ဆုံခဲ့ပါ တယ်။
ပါကစ္စတန်ရဲ့ နားလည်မှုစာချွန်လွှာပါ ကတိကဝတ်တွေကို အမေရိကန် အကြိမ်ကြိမ် ချိုးဖောက်ခဲ့ ပြီး ဒေသတွင်း တည်ငြိမ်မှုကို ပျက်စီးစေခဲ့တာကြောင့် မယုံကြည်မှုတွေကို ပိုမိုကြီးထွားစေခဲ့တယ်လို့ ကာ လီဘတ်က ပြောပါတယ်။
အီရန်အနေနဲ့ ဘာဖိအားကိုမှ လက်ခံမှာ မဟုတ်ဘဲ နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်အ တိုင်းသာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကာလီဘတ်က ပြောပါတယ်။
ကိုးကား – TRT World
Ref; US ‘bullying’ would only complicate diplomatic efforts, Iran says