ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာရေးစည်းမျဉ်းတွေကို မလိုက်နာတဲ့ သင်္ဘောတွေဟာ နောက်တစ်ကြိမ် ဖြတ်သန်းချိန်မှာ ဒဏ်ငွေရိုက်ခံရတာ၊ ထိန်းသိမ်းခံရတာ ဒါမှမဟုတ် သိမ်းဆည်းခံရတာ တွေ ရင်ဆိုင်ရနိုင်တယ်လို့ အီရန်က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။

ဒီသတိပေးချက်ကို အီရန် ပါရှန်းပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့က လူမှုကွန်ရက် စာမျက်နှာ X ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့အတွင်း ကုန်စည်ပို့ဆောင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ သင်္ဘောမငှားရမ်းမီ စည်းကမ်း ဖောက်ဖျက်ထားကြောင်း စွပ်စွဲခံရတဲ့ သင်္ဘောစာရင်းသစ်ကို အရင်စစ်ဆေးကြဖို့ အာဏာပိုင်အဖွဲ့က တိုက်တွန်းထားပါတယ်။

စည်းကမ်းဖောက်ဖျက်ထားတဲ့ သင်္ဘောတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သင်္ဘောတွေကိုလည်း စာ ရင်းထဲ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

စွပ်စွဲခံထားရတဲ့စာရင်းကနေ ပြန်လည်ပယ်ဖျက်ချင်တဲ့ သင်္ဘောတွေအနေနဲ့ သင့်တော်တဲ့ အ ကြောင်းပြချက်နဲ့အတူ တရားဝင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ ပါကစ္စတန်၊ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အပစ်အခတ်ရပ်စဲ ရေး နားလည်မှုစာချွန်လွှာကို ဇွန်လမှာ လက်မှတ်ရေးထိုးခဲ့ပြီး အပြီးသတ်သဘောတူညီချက်ရဖို့ ဆွေးနွေး မှုတွေ ဆက်လုပ်ဖို့ သဘောတူခဲ့ပါတယ်။

ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ ပို့ဆောင်ရေးမှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာ ရေး ကိစ္စအပါအဝင် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အငြင်းပွားမှုတွေကြောင့် လက်ရှိ မှာ ဆွေးနွေးပွဲတွေ ရပ်တန့်နေပါတယ်။

ကိုးကား – Anadolu
Ref; Iran warns that ships violating Hormuz transit rules risk detention, seizure