ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
ကလေးငယ်တွေရဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေကို ချိုးဖောက်ခဲ့တဲ့ အမှုနဲ့ပတ် သက်ပြီး TikTok နဲ့ ByteDance ကုမ္ပဏီတို့ဟာ အမေရိကန် တရားရေးဌာနကို ဒေါ်လာ သန်း ၄၀၀ လျှော် ကြေး ပေးဖို့ သဘောတူခဲ့ပါတယ်။
ဒီအမှုဟာ TikTok က ကလေးသူငယ်တွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို စနစ်တကျ မ ကာကွယ်ပေးခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရာကနေ သဘောတူညီချက် ရရှိ ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ TikTok ကို တရားစွဲဆိုခဲ့ပြီးနောက် ကုမ္ပဏီက အသက်ငယ်ရွယ်သူ အသုံးပြုသူတွေ အတွက် လုံခြုံရေး အကာအကွယ်တွေကို တိုးမြှင့်ခဲ့ပါတယ်။ အသက်အရွယ် ထိန်းချုပ်မှု စနစ်တွေကို မြှင့်တင်ခဲ့သလို မိဘတွေရဲ့ ကြီးကြပ်ကွပ်ကဲနိုင်စွမ်းကို လည်း ပိုမိုကောင်းမွန်အောင် TikTok က ဆောင်ရွက်ခဲ့ပါတယ်။
TikTok ဟာ မိဘတွေရဲ့ ခွင့်ပြုချက် မယူဘဲ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေရဲ့ အီး မေးလ်လိပ်စာ အပါအဝင် အခြား ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ အမေရိက န်ဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေရဲ့ အချက်အလက်တွေကို မိဘ ခွင့်ပြုချက်မရှိဘဲ စုဆောင်းတာနဲ့ အသုံးပြုတာကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။
မိဘတွေက ကလေးတွေရဲ့ အကောင့်နဲ့ အချက်အလက်တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အ ခါမှာ TikTok က ထိရောက်စွာ ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဆိုပါ ပြဿနာတွေကို ဖြေရှင်းဖို့ TikTok ရဲ့ မူဝါဒတွေဟာ အားနည်းချက်တွေ ရှိနေခဲ့ပြီး ထိ ရောက်မှု မရှိခဲ့ဘူးလို့ တရားရေးဌာနက ဆိုပါတယ်။
အခုလို သဘောတူညီချက် ရရှိလိုက်တာကြောင့် အမေရိကန် မိသားစုတွေအနေနဲ့ ရေရှည်ကြန့် ကြာနိုင်တဲ့ တရားရင်ဆိုင်မှု အန္တရာယ်တွေ မရှိတော့ပါဘူး။ ရေရှည် တရားရင်ဆိုင်ရမယ့် အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပြီး ကလေးငယ်တွေအတွက် ပိုမိုခိုင် မာတဲ့ အကာအကွယ်တွေကို ဆက်လက် ရရှိစေမှာဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုးကား – NHK
Ref; TikTok agrees to $400 million settlement on US children’s privacy lawsuit