ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
အိုမန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြား သင်္ဘောသွားလာရေး ထိန်းချုပ်ဖို့ အီရန်နဲ့ သဘောတူညီ ချက်ရနိုင်ဖို့ နီးစပ်နေတာကို မကျေနပ်တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုမန်ကို ဗုံးကြဲ မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအတွက် လွန်စွာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို အီ ရန်နဲ့ အိုမန် ပူးတွဲ ထိန်းချုပ်မယ့်အစီအစဉ်ကို အမေရိကန်က အပြင်းအထန် ကန့်ကွက်နေပါတယ်။
အိုမန်ဟာ အီရန်နဲ့ ညှိနှိုင်းရာမှာ လုံလောက်တဲ့ ဖိအားပေးမှု မလုပ်ဘူးလို့ အမေရိကန်က ယူဆနေ ပြီး လုံခြုံရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းပြချက်နဲ့ သင်္ဘောတွေဆီက ကြေးကောက်ခံမယ့် အစီအစဉ်ကိုလည်း မကျေနပ်ပါဘူး။
ဒေါ်နယ်ထရမ့်ဟာ လူမှုကွန်ရက်ပေါ်မှာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ဖော်ပြထားတဲ့ မြေပုံတစ်ခုကို တင်ခဲ့ပြီး ရေလက်ကြားကို ပိုင်နက်အဖြစ် ကြေညာမယ့် အယူအဆကို နှစ် သက်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ စိတ်ကူးယဉ်အမှားတွေကို မကြာခင်မှာ ပြင်ဆင်ပေးမယ်လို့ X လူမှုကွန်ရက်မှ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုတွေ မရုပ်သိမ်းသရွေ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေး မှာ မဟုတ်ဘူးလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက ပြောထားပါတယ်။
ဒေါ်နယ်ထရမ့်က ရေလက်ကြားဟာ ပုံမှန်အတိုင်း ပွင့်နေတယ်လို့ အခိုင်အမာပြောနေပေမဲ့ ဒေသ တွင်းမှာ သင်္ဘောတွေ တိုက်ခိုက်ခံရမှုနဲ့ စစ်ရေး တင်းမာမှုတွေ ပိုမို ဆိုးရွားလာပါတယ်။
အိုမန်ကမ်းလွန် ရေလက်ကြားအတွင်း သွားလာနေတဲ့ သင်္ဘောတစ်စင်း ပစ်ခတ်ခံရလို့ စက်ခန်း ပျက်စီးပြီး လူဒဏ်ရာရရှိခဲ့သလို ယီမင်ကမ်းလွန်မှာ ကုန်တင်သင်္ဘောတစ်စင်းကို ထိမှန်လို့ ပျက်စီးခဲ့ပါ တယ်။
အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းဟာ ယူအေအီးနိုင်ငံဘက်ကို ဦးတည်လာခဲ့ပြီး ပင် လယ်ထဲ ကျရောက်သွားခဲ့တယ်လို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ယီမင်ရှိ ဟူသီသူပုန်တွေက ပင်လယ်နီအတွင်း ကုန်သင်္ဘောတွေ ကို ပြန်လည်တိုက်ခိုက်လာပြီး ဆော်ဒီအာရေးဗီးယားရှိ ရေနံချက်စက်ရုံကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ် လို့ အတည်ပြုထားပါတယ်။
ကိုးကား – AP
Ref; Trump threatened to bomb Oman because he’s unhappy with country’s deal with Iran, officials say