ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

 

စဥ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ရွေးတုအစိုးရစစ်တပ်ကို တိုက်ခိုက်မည်ဖြစ်၍ ဒေသခံများ ဘေးလွတ်ရာသို့ ခေတ္တရွှေ့ပြောင်းပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ် ရေးဝန်ကြီးဌာန၊ TRI ဗျူဟာက ဩဂုတ် ၁၄ ရက်တွင် အသိပေးထားသည်။။

 

ထုတ်ပြန်ချက်တွင် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း သည် ရွေးတုအစိုးရစစ်တပ်များ လှုပ်ရှားသွားလာ အုပ်ချုပ်ရာ နယ်မြေဖြစ်သည့်အတွက် PDF တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပစ်ခတ်မှုများ ပြု လုပ်မည့် နယ်မြေဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရန်သူ့နယ်မြေဖြစ်သည့် အဆိုပါ စဥ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်တပ် အထိုင်ချနေရာများနှင့် လွတ်ကင်းသည့် ဘေးလွတ်ရာ ဒေသများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်ကြရန် တိုက်တွန်းထားသည်။

 

အဆိုပါ ရွှေ့ပြောင်းနေထိုင်မှုကို ထုတ်ပြန်သည့် ဩဂုတ်လ ၁၄ ရက်နေ့မှစ၍ စစ်မအေးခင်ကာလအထိ (သို့မဟုတ်) ပြန်လည်ရွှေ့ပြောင်းနေထိုင်နိုင်ပြီဟု ဗျူဟာက ပြန်လည်မထုတ်ပြန်ခင် ကာလအထိ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (စစ်သည်တော်ကျင့်ဝတ်) အရ လေးစားစွာ အသိပေးရခြင်းဖြစ်ကြောင်း TRI ဗျူဟာကွပ်ကဲရေးအဖွဲ့က အသိပေးထားသည်။

 

ဓာတ်ပုံ-TRI ဗျူဟာ