အာဆီယံအဖွဲ့က မြန်မာ့အရေး ဘယ်လို ကူညီဖြေရှင်းနိုင်သေးလဲ(ဘာသာပြန်ဆောင်းပါး)

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

မြန်မာပဋိပက္ခဖြေရှင်းမယ့် အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်ငါးရပ်က နေပြည်တော်က စစ်ခေါင်း ဆောင်ပိုင်းရဲ့ အာဏာတပ်မက်မှု အရှိတရားကြောင့် မအောင်မြင်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့က မကူညီနိုင်တာတော့ မဟုတ်ပါဘူး။

၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ်ဆိုတဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်သင့်မခံဘူးဆိုတဲ့ ရှင်းလင်းပြတ် သားတဲ့ အမှာစကားတစ်ရပ် အာဏာသိမ်းစစ်ကောင်စီထံ ပေးပို့ခြင်းအားဖြင့် အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ဖို့ အရေးပါတဲ့ကူညီမှုတစ်ခု ပြုလုပ်နိုင်ပါတယ်။

ပြည်သူလူထုရဲ့ အမျက်ဒေါသနဲ့ ပြင်းထန်တဲ့ ခုခံတော်လှန်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီး တွေက လာမည့်နှစ် ရွေးကောက်ပွဲဟာ အကျပ်အတည်းဖြေရှင်းဖို့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်ဆိုတဲ့ စိတ်ကူးနဲ့ ကမ္ဘာကြီးကို လိမ်ညာဖို့ကြိုးစားနေပါတယ်။

အတုအယောင် ရွေးကောက်ပွဲကို လက်သင့်မခံဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောကြားခြင်းအားဖြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အစီအစဉ်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ငြင်းပယ်နိုင်တဲ့ အချက်သုံးချက်ရှိပါတယ်။

ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က စစ်ကောင်စီကပြုလုပ်ဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိ အ ကျပ်အတည်းကို အမှန်တစ်ကယ် အဆုံးသတ်စေမှာမဟုတ်ပါဘူး။ မြန်မာပြည်သူအများစုက စစ်ကောင်စီရဲ့ အာ ဏာသိမ်းမှုကို ဆန့်ကျင်နေကြပြီး စစ်တပ်က အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေကာ ၄င်းတိုရဲ့အုပ်ချုပ်မှု ကို ဆန့်ကျင်သူမှန်သမျှကို

အပြင်းအထန် နှိပ်ကွက်နေပါတယ်။

စစ်တပ်ကို အာဏာမရစေလိုဘဲ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်သင့်မခံဘူးဆိုတာ မြန်မာပြည်သူတွေက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ မဲဆန္ဒရှင်အများစုက ရွေးကောက်ပွဲကို သ ပိတ်မှောက်ခြင်း သို့မဟုတ် မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး မဲထည့်စေခြင်းတွေ ရှိလာပါလိမ့်မယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲက အကျပ်အတည်းဖြစ်စေတဲ့ အကြောင်းရင်းကို မဖြေရှင်း နိုင်ယုံသာမက ပဋိပက္ခနဲ့မတည်ငြိမ်မှုကိုလည်း ဖြစ်လာစေပါလိမ့်မယ်။ ဒုတိယအနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ရွေးကောက်ပွဲတိုင်းဟာ အများလက်ခံမှုမရှိပါဘူး။

စစ်ကောင်စီဟာ သစ္စာခံသူအချို့နဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းကာ ထင်ရှားတဲ့ နိုင်ငံရေးသမားအ များစုကို ထောင်သွင်းအကျဉ်းချပြီး မီဒီယာတွေကို နှိပ်ကွက်ကာ ပြည်သူတွေကြား အကြောက်တရား ဖန်တီးခဲ့ပါ တယ်။

မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်မှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်မှုကြုံတွေ့နေရချိန်မှာ စစ်တပ်က အ ရှက်မဲ့စွာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ လူထုဆန္ဒခံယူပွဲကို သတိရမိတဲ့ မြန်မာနိုင်ငံအကြောင်း သိသူတိုင်း ဟာ စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်လာမယ်ဆိုတာ သိပါ တယ်။

တရုတ်နဲ့ရုရှားကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဂရုမစိုက်ပေမယ့် လက်ခံပါလိမ့်မယ်။ စစ်ကောင် စီရဲ့ ရွေးကောက်ပွဲကို လက်ခံမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်း အများ လက်ခံနိုင်စွမ်းက ထိုးနှက်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

တတိယအချက်အနေနဲ့ လက်ရှိအကျပ်အတည်းကို အကောင်းမွန်ဆုံးဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့က စစ် ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ ခိုင်မာတဲ့ရပ်တည်ချက်တစ်ခု ထုတ်ဖော်ပြသပြီး ပဋိ ပက္ခဖြေရှင်းရေးမှာ သမာသမတ်ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမှာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဒီလိုရပ်တည်ချက်မျိုးက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ရွေးကောက်ပွဲမကျင်းပနိုင် အောင် တားဆီးနိုင်မှာမဟုတ်ပေမယ့် ရွေးကောက်ပွဲကို လက်သင့်မခံဘူးဆိုတာ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေသိအောင် သတင်းစကားပါးနိုင်မှာဖြစ်ပါတယ်။

အာဆီယံက မြန်မာနိုင်ငံရှိ NUG ၊ အခြားသက်ဆိုင်သူတွေနဲ့ အနီးကပ် ဆွေးနွေးခြင်းအားဖြင့် စစ်တပ်က နိုင်ငံရေးအရ အလျှော့ပေးရမှု ပါဝင်တဲ့ အကျပ်အတည်းဖြေရှင်းရေးနည်းလမ်းတွေ ကြံဆနိုင်မှာဖြစ်ပါတယ်။ ဒီလို နည်းလမ်းနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်ရရှိဖို့ အာဆီယံကိုးနိုင်ငံအစိုးရတွေကို မျှော်လင့်နိုင်တယ်ဆိုတာ လက်တွေ့မကျဘူးလို့ အချို့က

အငြင်းပွားနိုင်ပါတယ်။

အာဆီယံမှာ အဖွဲ့ဝင်တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံမူရှိနေပါတယ်။ အာဆီ ယံနိုင်ငံအားလုံးက မြန်မာနိုင်ငံမှာ တည်ငြိမ်မှုပြန်လည်ရရှိရေးကို လိုလားကြပေမယ့် ရွေးကောက်ပွဲကို ထောက်ခံ တာထက် တိုင်းပြည်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်ရောက်ရှိအောင်လုပ်ဆောင်ဖို့ ပိုကောင်းတဲ့ အခွင့်အရေး တစ်ရပ် ရှိနေတယ်လို့

ယုံကြည်ကြပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူအများစုက လက်သင့်မခံတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်သင့်ခံ ခြင်းဟာလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာပဲဖြစ်တယ်လို့ အာဆီယံအဖွဲ့အတွင်း အ ငြင်းပွားမှုရှိနိုင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာ၊ ပြည် တွင်းထောက်ခံမှုနဲ့ တရားဝင်မှုမရှိတာက အရှိတရားဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ရွေးချယ်စရာတစ်ခုရှိနေပါတယ်။ အာဆီယံက မအောင်မြင်တဲ့ ဘုံသဘောတူညီချက်ငါး ရပ်ကို ဆက်လက်လုပ်ဆောင်မည်လား သို့မဟုတ် မြန်မာနိုင်ငံက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းဆန်မလားဆိုတာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်က The Diplomat မဂ္ဂဇင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း စကော့မာစီရယ်လ် ရေးသားထားတဲ့ How ASEAN can still help on Myanmar ကို ဆီလျော်အောင် ဘာသာပြန် ဆိုထားပါသည်။